Breaking

နောင်ပိန်-ကျောက်မဲ-သီပေါရှိ ဒေသခံပြည်သူများကို TNLA ပလောင်အဖွဲ့ နေရပ်မှ ထွက်ခွာခွင့်မပေး၊ ကူညီကယ်ဆယ်သည့် ပရဟိတအသင်းများ အခက်အခဲရှိနေ

နေပြည်တော်၊ ဇူလိုင် ၂
    နောင်ပိန်-ကျောက်မဲ-သီပေါရှိ ဒေသခံပြည်သူများ အခြားသောအရပ်ဒေသသို့ ပြောင်းရွှေ့ခိုလှုံရာတွင် သွားရောက်ကူညီ ကယ်ဆယ်သည့် ပရဟိတအသင်းများအနေဖြင့် အခက်တချို့ရှိကြောင်း ရှမ်းမြောက်ဒေသ ပရဟိတအသင်းအဖွဲ့များထံမှသိရသည်။ ထို့သို့ ဒေသခံပြည်သူများကို သွားရောက်ကူ ညီခေါ်ဆောင်မှုများပြုလုပ်ရာတွင် TNLA ပလောင်အဖွဲ့က ပရဟိတအဖွဲ့များကို ဝင်ခွင့်မပေးခြင်းနှင့် ဒေသခံများကို ထွက်ခွာခွင့် မပေးသည့် အခက်အခဲများ ရှိကြောင်း နမ့်တလန်အခြေစိုက် ဖြူစင်နှလုံးသား ပရဟိတ အသင်းဥက္ကဋ္ဌ ဦးရန်နိုင်စိုးကပြောသည်။ 
    "ကျွန်တော်တို့က သီပေါ-ကျောက်မဲတို့က နေရပ်စွန့်ခွာတဲ့ အဖွဲ့တွေကို ရရင်ရသလို သွားပြီးတော့ ကြိုပေးတယ်။ အခုဆိုရင် သူတို့က ဘယ်အဖွဲ့အစည်းမှပေး မဝင်ဘူးလေ။ ကျောက်မဲလည်း ဒီအတိုင်းပဲ။ ကျွန်တော်တို့ကကျတော့ နမ့်တလန်မှာ အခြေစိုက်တာ။ အဲဒီတော့ သီပေါ-ကျောက်မဲ မြေပြင်အခြေအနေကိုတော့ တိတိကျကျ မသိရဘူး။ ဇွန်လ ၃၀ ရက်က ကျောက်မဲက အဖွဲ့ကိုသွားပြီး ကူညီကယ်ဆယ်ခဲ့တာက ၂၂ ယောက်ပေါ့။ ဇူလိုင် ၁ရက်မှာ သီပေါက နေသွားခေါ်တာ သုံးယောက်။ နောင်ပိန်ကနေ သွားခေါ်တာ အယောက် ၄၀ နီးပါးရှိတယ်။ နမ့်တလန်မှာ သူတို့ရဲ့ ဆွေမျိုးသား ချင်းတွေ ရှိကြတယ်။ အဲဒီကို ပို့ပေးရတာ။ နမ့်တလန်ကိုလည်း ခိုလှုံကြသလို တခြားမြို့ နယ်တွေကို လည်း သွားရောက်ခိုလှုံကြတာ ရှိပါတယ်။ အမျိုးရှိတဲ့သူတွေကတော့ နမ့်တလန်မှာ ခိုလှုံကြတယ်။ နမ့်တလန်မှာ အမျိုးမရှိတဲ့လူတွေက သူတို့အမျိုးတွေရှိတဲ့ ရွာတွေကိုဆက်ပြီး သွားကြတာပေါ့။ နေရပ်စွန့် ခွာဖို့က သူတို့ထွက်ခွင့်ပေးမပေးဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်။ ထွက်ခွင့်ပေး ရင်တော့ ဆက်ပြီး ရှောင်တဲ့သူရှိနိုင်တယ်။ သီပေါ-ကျောက်မဲနဲ့ပတ်သက်လို့ နိုင်ငံရေး ကျတော့ ကျွန်တော်မပြောချင်ဘူး။ မပြောရဲဘူး။ ပြောလို့မကောင်းဘူးဗျ။ သွားရေးလာ ရေးအခက်အခဲရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကားခြောက်စီးနဲ့ ကျွန်တော်တို့ သွားကြတယ်။ လမ်းမှာ အဖွဲ့အစည်းကပေါင်းစုံရှိ တယ်။ ရှောင်ရှား ပြီး သွားလာရတယ်။ ပလောင်အဖွဲ့နဲ့လည်း တိုးတယ်။ ပိတ်မိမှာစိုးလို့ မနည်းပြန်ထွက်လာရတယ်။ လမ်းတွေတအားဆိုးတော့ စက်သုံးဆီလွယ်လွယ်ဝယ် လို့လည်းမရဘူး။ အခက်အခဲတွေရှိတယ်။ ကားတစ်စီးကပျက်လို့ ပြန်ဆွဲလာရတယ်"ဟု ၎င်းကပြောသည်။ 
    ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးမိတ်၊ ရှမ်း ပြည်နယ် နှင့်ထိစပ်နေသည့် မိုးကုတ်တို့တွင် TNLA နှင့်ပူးပေါင်း အဖွဲ့များက ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကစ၍ ၁၀၂၇ တစ်ကျော့ပြန်  စစ်ဆင်ရေး စတင်ကာ ထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ် ကြောင်း သိရသည်။

Total Views ~ 212

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43850

© 2022 - 2025 News. All Rights Reserved.