နွားထိုးကြီးမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် သံဃာ ၁ ပါးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိ

၂၀၂၃၊ မတ်၊ ၂၉

၂၀၂၃ ၊ မတ် ၂၈ ညနေ ၆နာရီ ၁၅ မိနစ်အချိန် မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ ညောင်ပင်သာကျေးရွာအနီး မန္တလေး-မြင်းခြံကားလမ်း မိုင်တိုင်အမှတ်(၁၂/၁) ကျောက်လုံးကြီးကွေ့အကျော် လမ်း၏ဝဲဘက်ခြမ်း၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ သတင်းအရ ယနေ့ ညနေ ၆နာရီခွဲ တွင် ပူးပေါင်းအဖွဲက အခင်းဖြစ်နေရာသို ရောက်ရှိစစ်ဆေးရာ “အလိုတော်ပြည့်” ကျောင်းတိုက်ဟု ရေးသားထားသည့် RLG-9658 ALPHARD ယာဉ်ပေါ်တွင်  လိုက်ပါစီးနှင်းလာသည့် ဥူးစန္ဒ(ခ)မြတ်မောင်လှ(၄၅)နှစ် ၂၅ ဝါ ဗမာ/ဗုဒ္ဓ (ဖ)ဦးလှကျော်ဖြူ “အလိုတော်ပြည့်”ကျောင်းတိုက် ညောင်ဦးမြို့နေသူတွင် ဝဲပါးစုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲမျက်ခုံး ပေါက်ပြဲဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၃ ချက်)(စိုးရိမ်ရ)နှင့် ဦးစိုးမြင့်(၅၅)နှစ် ဗမာ/ဗုဒ္ဓ ယာဉ်မောင်း (ဖ)ဦးဘိုငွေ  ဈေးရပ်ကွက် မူဆယ်မြိုနယ်နေသူတွင် နဖူးဝဲဘက်ခြမ်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ နှာခေါင်းပွန်းပဲ့ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၂ ချက်)(မစိုးရိမ်ရ)ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုနောက် ဒဏ်ရာရရှိသူ ဥူးစန္ဒ(ခ)မြတ်မောင်လှ အား မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဦးစိုးမြင့် အား နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံသို ပိုဆောင်ထားရှိခဲ့ပြီး အကြမ်းသမားများ(စိစစ်ဆဲ)အား မမစ(နွားထိုးကြီး) (ပ)၂၁/ ၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်စစ်ဆေးက  မိုင်းထောင်ဖောက်ခွဲသူများအား သက်ဆိုင်က ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရသည်။

Total Views ~ 266

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43355

© 2022 - 2025 News. All Rights Reserved.