၂၀၂၃ ၊ ဧပြီ ၂၂
ယမန်နေ့ (ဧပြီ ၂၁)ညနေ ၄နာရီ မိနစ် ၄၀အချိန်တွင် မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ နွားထိုးကြီး-မြင်းခြံကားလမ်း သာယာကုန်းကျေးရွာနှင့် လျှော်ဖြူကျေးရွာကြား မိုင်တိုင်(၁၃/၁-၂)ကြား၌ ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းအရ ပူးပေါင်းအဖွဲကသွားရောက်စစ်ဆေးခဲ့ရာ ဦးအေးစိုး (၂၅)နှစ် စိန်ပန်းကျင်းကျေးရွာ နွားထိုးကြီးမြို့ နယ်နေသူ မောင်းနှင်ပြီး ဥူးဇဝန(၆၄)နှစ်(၄၄)ဝါ စိန်ပန်းကျင်းကျေးရွာကျောင်းတိုက်ဆရာတော် လိုက်ပါလာသည့် RLG/6826 Mark II ယာဉ်သည် မန္တလေးမှ စိန်ပန်းကျင်း ကျေးရွာကျောင်းတိုက်သို ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အကြမ်းဖက် အုပ်စု PDF ၁၅ ဦးခန့်က လက်နက်ငယ်များ ဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် ယာဉ်မောင်း ဦးအေးစိုး တွင် ဝဲပုခုံးကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)၊ ဆရာတော် ဥူးဇဝန တွင် ဝဲလက် မောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းဝဲချိုစောင်းပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ စုစုပေါင်း ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)ရရှိပြီး မတယမှာရပ်တန့်သွားခဲ့သိရသည်။
အဆိုပါအကြမ်းဖက်အုပ်စု PDF များသည် နွားထိုးကြီးမြို့နယ်လျှပ်စစ်ရုံးမှ လျှပ်စစ်ဝန်ထမ်း များက နွားထိုးကြီး-မြင်းခြံသွယ်တန်း ထားသောလျှပ်စစ်ဓာတ်အားလိုင်းများအားစစ်ဆေးခဲ့ပြီး မြင်းခြံဘက်မှနွားထိုးကြီးမြိုဘက်သိုပြန်လာသည့် လျှပ်စစ်ကျွမ်းကျင်(၃) ဦးကျော်အောင်(၅၂)နှစ် မောင်းနှင်ပြီး ဒုမြိုနယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝင်းဇော်(၃၀)နှစ် ၊လျှပ်စစ်ကျွမ်းကျင်(၅) ဦးထက်လင်း ကို(၃၁)နှစ် ၊ လျှပ်စစ်ကျွမ်းကျင်(၅) ဦးကျော်လင်းထွန်း(၃၃)နှစ် ၊ နေစားလုပ်သား ဦးရဲမင်းစံ(၃၁)နှစ်၊ နေစားလုပ်သား ဦးသန်း လင်း(၂၆)နှစ် စုစုပေါင်း ၆ ဦးလိုက်ပါလာသော MDY 8M/3369 Light Truck ယာဉ်အား ရပ်တန့်ခိုင်းပြီး မြို့နယ်လျှပ်စစ်ရုံးမှဝန် ထမ်းများဖြစ်ကြောင်းသိရှိသွား၍ “မင်းတိုထဲကအကြီးဆုံး ဘယ်သူလဲ”ဟုမေးမြန်းပြီး ဒုမြိုနယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝင်းဇော် အား သေနတ်ဖြင့်ပစ်ခတ် သွားခဲ့၍ ဦးရဲဝင်းဇော် တွင် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနားနောက်ကျည် ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ စုစုပေါင်းဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုနောက် သေဆုံး/ဒဏ်ရာရရှိသူများအား နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံသို ပိုဆောင်ထားရှိခဲ့ပြီးနောက် အကြမ်းဖက်အုပ်စု PDF ၁၅ ဦးအား မမစ(နွားထိုးကြီး)(ပ)၃၀/၂၀၂၃၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် သက်ဆိုင်ရာက အမှုဖွင့်စစ် ဆေးလျက်ရှိကာ တရားခံများဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။