Breaking

နှစ်ကူးကာလ ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှုမှာ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ အားလုံး၏ ရာခိုင်နှုန်း ၈၀ အခန်းပြည့်

၂၀၂၄ ၊ ဇန်နဝါရီ ၁
    မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေများသို့ ၂၀၂၄ နှစ်သစ်ကူးကာလ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ဟိုတယ်၊ မိုတယ်နှင့်တည်းခိုရိပ်သာများအားလုံး၏ ရာခိုင်နှုန်း ၈၀ ခန့် အခန်းပြည့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြောသည်။ 
    "ခရီးသွား ဝင်ရောက်မှုကတော့ Local များတယ်။ မြန်မာတွေ တော်တော်လေးလာကြပါတယ်။ ဒါပေမဲ့ Long Stay တော့ မဟုတ်ဘူး။ တစ်ညအိပ်၊ နှစ်ညအိပ် တွေများတယ်။ ဟိုတယ်တွေလည်း မဆိုးကြပါဘူး။ တည်းကြပါတယ်။ အနည်းဆုံးဖွင့်တဲ့ ဟိုတယ်မှန်သမျှ ရာခိုင်နှုန်း ၇၀ ကျော် ၈၀ လောက်တော့ ရကြပါတယ်။ ဒါက ဖွင့်တဲ့ဟိုတယ်တွေပေါ့။ မဖွင့်သေးတဲ့ ဟိုတယ်တွေ ရှိသေးတယ်။ ဖွင့်ကြတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကတော့ ရာခိုင်နှုန်း ၈၀ လောက် အခန်းပြည့်ရကြပါတယ်"ဟု ဦးဇော်ဝိတ်က ဆက်ပြောသည်။
    ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ်နှင့်တည်းခိုရိပ်သာ အလုံးပေါင်း ၁၆၀ ကျော်ရှိနေပြီး အလုံးရေ ရာခိုင်နှုန်း ၅၀ ဖြစ်သည့် ၈၀ ကျော်သာ ဖွင့်လှစ်နိုင်သေးပြီး ကျန်ရာ ခိုင်နှုန်း ၅၀ မှာ မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။ လက်ရှိ နှစ်သစ်ကူးကာလ ၂၀၂၃ ဒီဇင်ဘာ ၃၀၊  ၃၁ ရက်နှင့် ၂၀၂၄ ဇန်နဝါရီ ၁ ရက်များတွင် အဆိုပါ ဖွင့်လှစ်ထားသော ဟိုတယ်၊ မိုတယ်နှင့်တည်း ခိုရိပ်သာများမှာ ရာခိုင်နှုန်း ၈၀ ခန့် အခန်း ပြည့်သည်အထိ ပြည်တွင်းခရီးသွား ဝင် ရောက်ခဲ့ခြင်းဖြစ်သည်။ 
    "တချို့ အကြီးကြီးတွေတော့ အခန်းမပြည့်ကြဘူး။ သူတို့ကလည်း အခန်း အားလုံးမဖွင့်နိုင်ကြဘူး။ ဟိုတယ်ကြီးတွေကျ တော့ အခန်း ၁၀၀ ဝန်းကျင်ရှိတာကိုး။ သူ တို့ဖွင့်နိုင်ရင် အခန်း ၃၀ ကနေ ၅၀ လောက် ပဲဖွင့်နိုင်ကြတာ။ တချို့ဆိုရင် အခန်း ၁၀၀ လောက်ရှိပေမယ့် ၁၅ ခန်း၊ အခန်း ၂၀ လောက်ပဲ ဖွင့်နိုင်ကြတယ်"ဟု ဦးဇော်ဝိတ်က ဆက်ပြောသည်။
    နှစ်သစ်ကူးကာလ ပုဂံဒေသသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ အခြေ အနေအရ ယခင်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ် သည် နိုင်ငံခြားခရီးသွားဝင်ရောက်မှု နည်း ပါးသော်လည်း နိုင်ငံပြည်တွင်း ခရီးသွားဝင် ရောက်မှုမှာ ယခင်နှစ်ထက် ပိုများလာကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း(ပုဂံဇုန်)မှ သိရသည်။

Total Views ~ 154

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43946

© 2022 - 2025 News. All Rights Reserved.