Breaking

နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအပြည့်အဝရရှိရေး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၉
    နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့်သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုံခြုံရေးအပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ-တရုတ်နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် နှစ်နိုင်ငံတာဝန်ရှိသူ များက ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
    ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန် ချင်းတောင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် Qing-dao International Conference Center ရှိ Anren ခန်းမ၌ ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
    တွေ့ဆုံစဉ် ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို အခြေခံ၍ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လုံခြုံရေးအပြည့်အဝရရှိရေး ပူး ပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားများ ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကာ ကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံ သတင်းအချက်အလက် ဖလှယ်ရယူရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဖော် ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ဖော်ဆောင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
    ယင်းနေ့ညပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖိုရမ်တက်ရောက် ရန် ရောက်ရှိနေသည့် ကိုယ်စား လှယ်များနှင့်အတူ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ Conference ၏ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(ှဃဥ)၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်ဥက္ကဋ္ဌက Qingdao International Con-ference Center ရှိ Yellow River ခန်းမ ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။

Total Views ~ 269

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43851

© 2022 - 2025 News. All Rights Reserved.