ရန်ကုန်၊ စက်တင်ဘာ၃၀
နှလုံးသားမဲ့ နှင်းဆီဇာတ်လမ်းအတွက် ဇာတ်ဝင်ခန်း တစ်ချို့ကို စက်တင်ဘာ ၃၀ ရက်နေ့တွင်ကြည်ဖြူအောင်နှင့် နန်းဆုရတီစိုးက ဗိုလ်ချုပ်စျေးသစ်ရှိ အောင်နိုင်မြင့် ဆေးနှင့် ဆေးကိရိယာပစ္စည်းရောင်ဝယ်ရေးဆိုင်တွင် ရိုက်ကူးမူပြုခဲ့ကြောင်းသိရသည်။ ရိုက်ကွင်းနှင့်ပတ်သက်၍ နန်းဆုရတီစိုးက" ဒီနေ့က ကိုအောင်နိုင်မြင့် ဆေးဆိုင်မှာလာရိုက်တာ၊ နှလုံးသားမဲ့ နှင်းဆီ ဇာတ်လမ်းအတွက်လာရိုက်တာပါ။
ဒီကားထဲမှာ နန်းဆုက သူဌေးသမီးနေရာကနေသရုပ်ဆောင်ရတာပါ။ နောက်အတိတ်မေ့သွားတဲ့ အခန်းလည်းပါတော့ ဇာတ်လမ်းလေးမှာက ကာရိုက်တာ၂မျိုးသရုပ်ဆောင်ရပါတယ်။ ဇာတ်လမ်းလေးကိုရွေးချယ်တာက စိတ်ဝင်စားဖို့လည်းကောင်းလို့ ဇာတ်လမ်းလေးလည်းကြိုက်လို့ပါရှင့်။ အနုပညာနဲ့ ပတ်သက်ပြီးတော့ အခုခီန်အထိ ကိုယ့်ရပ်တည်နိုင်တာက အားလုံးအပေါ်မှာလည်း စေတနာထားတယ်။ ကိုယ့်လုပ်တဲ့အလုပ်ပေါ်မှာလည်း စေတနာထားတယ်။မေတ္တာထားတယ်။အမြဲတမ်း ဂရုစိုက်တယ်။ ပရိသတ်တွေကလည်း ချစ်ပေးလို့ပါပါတယ်။
ပရိသတ်တွေကိုလည်း ချစ်ပေးလို့ ကျေးဇူတင်ပါတယ်။ဟု ပြောကြားခဲ့သည်။ အဆိုပါဇာတ်လမ်းတွဲ အားရိုက်ကူးသည့် ဒါရိုက်တာ ကိုတင်အောင်ကျော်က "နှလုံးသားမဲ့ နှင်းဆီ ဇာတ်လမ်းမှာ ကျော်ရဲအောင်၊ နန်းဆုရတီစိုး၊ ကြည်ဖြူအောင် ၊ကြံတိုင်အောင်နဲ့ ပိုးမမှီသာ တို့က ခေါင်းဆောင်အနေနဲ့ပါဝင်တာပါ။ အခုဗိုလ်ချုပ်စျေးသစ်က အောင်နိုင်မြင့် ဆေးနှင့် ဆေးကိရိယာရောင်းဝယ်ရေးမှာရိုက်ကူးတာက ဇာတ်ဝင်ခန်းတစ်ခုပါ။
ဆေးဆိုင်မှာက ကြည်ဖြူအောင်က ဆရာဝန်ဆိုတော့ ဆေးပစ္စည်းဆိုင်မှာ ဆေးလာဝယ်တဲ့အခန်းနဲ့ ကောင်မလေးပျောက်သွားလို့ သူငယ်ချင်းစီ လာတော့ သူငယ်ချင်းက နှစ်သိမ့်ပေးတဲ့အခန်းလာရိုက်တာပါ။"ဟု ပြောကြားခဲ့သည်။ ရိုက်ကူးမူအနေဖြင့် ရက်၃၀ ကျော်ရိုက်ကူးခဲ့ကာ၊ အောက်တိုဘာ၅ရက်နေ့တွင် နောက်ဆုံးပိတ် ဇာတ်ဝင်ခန်းကိုရိုက်ကူးမည်ဖြစ်ကြောင်း၊ ဇာတ်လမ်းအနေဖြင့် မိသားစုဒရမ်မာ ဇာတ်ကားဖြစ်ကြီး Channal K ရုပ်သံတွင် နိုဝင်ဘာ ၁၆ရက်နေ့တွင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။