ပခုက္ကူမြို့နယ်တွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးအား ဖမ်းဆီးစစ်ဆေးမှု

၂၀၂၃ ၊ မတ်၂၀

ပြီးခဲ့သည့် မတ်လ ၁၈ရက် နံနက် ၈ နာရီခွဲအချိန်မှ ညနေ ၄နာရီခွဲအထိ ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် မြို့ရှောင်လမ်းနှင့် သီတာလမ်းဆုံ အခြေပြု ဦးစီးအဖွဲ့က ယာဉ်စစ်ပိတ်ဆို ဆောင်ရွက်နေစဉ် အမှတ်(၂)ရွှေချောင်းတံတားဘက်မှ မြို့ရှောင်လမ်းအတိုင်း ဘေးတွဲဆိုင်ကယ်အား မောင်းနှင်လာသည့် အောင်ဇင်ထွန်း(ခ)အောင်ကြီး(၂၄)နှစ် (၅)ရပ်ကွက် ပခုက္ကူမြို့နယ်နေသူအား စစ်ဆေးရာ ၎င်း၏ လက်ကိုင်ဖုန်းအတွင်းရှိ Facebook account Profile တွင် ဒေါ်အောင်ဆန်းစုကြည်ပုံအား တင်ထားသည်ကို တွေ့ရှိရ၍ လည်းကောင်း၊ ဆိုင်ကယ် ၁ စီးအား မောင်းနှင်လာသူ ဇော်ကြီး(ခ)ဇော်ဝင်းနိုင်(၄၂)နှစ်  (၃)ရပ်ကွက် ပခုက္ကူမြိုနယ်နေသူ၏ လက်ကိုင်ဖုန်းအတွင်းမှ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့်စာသားများ၊ အကြမ်းဖက်အုပ်စု NUG အား ထောက်ခံသည့် စာသားများ၊ ဓာတ်ပုံများနှင့် Post များ ရှယ်ထားခြင်း၊ အကြမ်းဖက်အုပ်စု PDF များနှင့် အဆက်အသွယ်ရှိ၍ လည်းကောင်း၊ လမ်းလျှောက်လာသူ မမြတ်နိုးနွယ်(၁၅)နှစ်  (၅)ရပ်ကွက် ပခုက္ကူမြိုနယ်နေသူ၏ လက်ကိုင်ဖုန်းအတွင်းမှ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် စာသားများ၊ အကြမ်းဖက် အုပ်စု NUG အား ထောက်ခံသည့် စာသားများ၊ ဓာတ်ပုံများနှင့် Post များ ရှယ်ထားခြင်း၊ အကြမ်းဖက် အုပ်စု PDF များနှင့် ဆက်သွယ်၍ စာများပေးပိုထား၍ လည်းကောင်း အသီးသီးစစ်ဆေးတွေ့ရှိရ သဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုနောက် အောင်ဇင်ထွန်း(ခ)အောင်ကြီး၊ ဇော်ကြီး(ခ)ဇော်ဝင်းနိုင် နှင့် မမြတ်နိုးနွယ် တို ၃ ဦးအား မမစ(ပခုက္ကူ)၌ ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 264

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43350

© 2022 - 2025 News. All Rights Reserved.