ပခုက္ကူမြို့နယ်တွင် PDF အဖွဲ့က ကားနှင့် ယာဉ်မောင်း အားဖမ်းဆီးသွား၍ လုံခြုံရေးအဖွဲ့က စုံစမ်းရှာဖွေစဉ် အမျိုးသား ၁ ဦးအား နှင့်အတူ အသေဖမ်းဆီးရမိပြီး   PDF အဖွဲ့က ပစ်ခတ်မှုကြောင့် သံဃာ ၁ ပါးနှင့် အမျိုးသား ၃ ဦး ဒဏ်ရာရရှိ

၂၀၂၃ ၊ ဧပြီ ၃ 

ပခုက္ကူမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ့က WHEEL  LOADER  ယာဉ်နှင့်အတူ ယာဉ်မောင်း အားဖမ်းဆီးသွားသဖြင့် လုံခြုံရေးအဖွဲ့က စုံစမ်းရှာဖွေစဉ် အမျိုးသား ၁ ဦးအား ပစ္စတို သေနတ် ၁ လက်     နှင့်အတူ အသေဖမ်းဆီးရမိပြီး အကြမ်းဖက်အုပ်စု PDF အဖွဲ့၏ ပစ်ခတ်မှုကြောင့် သံဃာ ၁ ပါးနှင့် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း။သိရသည်။ 

ယမန်နေ့ (ဧပြီ ၂) မွန်းလွဲ ၁၂ နာရီအချိန် ပခုက္ကူခရိုင် ပခုက္ကူမြို့နယ် မနရမှူး(ပခုက္ကူ)မှ လုံခြုံရေးအဖွဲ့သည် မြင့်ချိုင့်ကျေးရွာအနီးရှိ ရွှေချောင်ချောင်းအတွင်းတွင် WHEEL  LOADER ယာဉ်ဖြင့် သဲကော်တင်နေသည့် ဦးကျော်ဇင်(၂၃)နှစ် ပခုက္ကူမြို့နယ်နေသူထံ အကြမ်းဖက်အုပ်စု PDF အဖွဲ့ခေါင်းဆောင်(စိစစ်ဆဲ) ၇ ဦးခန့် ရောက်ရှိ လာပြီးယာဉ်နှင့်အတူ ယာဉ်မောင်းအား ဖမ်းဆီးယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ သတင်းအရ လုံခြုံရေးအဖွဲ့က လိုက်လံရှာဖွေစဉ်  မကျီးကိုးပင်ကျေးရွာအလွန်ရှိ ချောင်းအတွင်း၌  ဆိုင်ကယ် ၁ စီးဖြင့် အမျိုးသား ၁ ဦး(စိစစ်ဆဲ)အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်ခြင်း မရှိဘဲ အမျိုးသား(စိစစ်ဆဲ)မှ လက်နက်ငယ်ဖြင့်ပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲ့က သတိပေးပစ်ခတ်ခဲ့ရာ အဆိုပါအမျိုးသားတွင် သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်းထံမှ ပစ္စတိုသေနတ် (စိစစ်ဆဲ) ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်၊ ဆိုင်ကယ်    ၁ စီးတိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထိုနောက် ပူးပေါင်းအဖွဲ့သည် အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်ရန် ဆက်လက်ထွက်ခွာခဲ့ရာ  အနောက်ဘုန်းကန်ကျေးရွာနှင့် လက်ပံကန်ကြားကျေးရွာ ပခုက္ကူ- ကျောက်စရစ်ကန်သွားကျေးရွာချင်းဆက်လမ်းဘက်မှ ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများကြားရသဖြင့် အဆိုပါနေရာသိုထွက်ခွာခဲ့ရာ  ပခုက္ကူမှ ကျောက်စရစ်ကန်ကျေးရွာသို ပြန်လာသော ဇီဝကလူမှုကူညီရေးအသင်းမှ ယာဉ်အမှတ် 5H/4797 Voxy ယာဉ်ပေါ်တွင် ကိုကျော်သူ(၃၆)နှစ်  ကျောက်စရစ်ကန်ကျေးရွာနေသူတွင် ယာတင်ပါးနာကျင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး ယာဉ်ပေါ်ပါ ဦးဝဏ္ဏသိဒ္ဓ(ခ) ရဲမင်းကျော်(၂၃)နှစ် ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်း ကျောက်စရစ်ကန်ကျေးရွာနေသူတွင် ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ဝဲဘက်ခြမ်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာနောက် ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၃ ချက်)(မစိုးရိမ်ရ)၊ ဦးမြင့်နိုင်(၅၇)နှစ်  ကျောက်စရစ်ကန်ကျေးရွာနေသူတွင် ယာလက် မောင်းကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာတံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာ ၁ ချက်(စုစုပေါင်း ဒဏ်ရာ ၂ ချက်) (မစိုးရိမ်ရ)၊ မြတ်ကျော်ထွန်း(၁၉)နှစ် တွင် ယာတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ   ၁ ချက်၊ ယာခါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စုစုပေါင်း ဒဏ်ရာ ၂ ချက်) (စိုးရိမ်ရ)တို အသီးသီးရရှိခဲ့ပြီး ယာဉ်၏ ဘောနပ်အဖုံး ကျည်ဖောက်ဝင်ရာ ၄ ချက်၊ ရှေ့လေကာမှန် ကျည်ဖောက်ဝင်ရာ ၂ ချက်၊ ယာနောက်ဘေးမှန်ကွဲ၊ နောက်လေကာမှန် ကွဲ(တန်ဖိုးငွေ ၃ သိန်းခန့်) ပျက်စီးခဲ့ကြောင်း တွေ့ရှိခဲ့၍  ဖြစ်စဉ်အားမေးမြန်းရာ ယင်းနေ့ ညနေ ၆နာရီ ၂၅ မိနစ် တွင် အကြမ်းဖက်အုပ်စု PDF အဖွဲ ခေါင်းဆောင်/အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုနောက် အကြမ်းဖက်အုပ်စု PDF များမှာ ဒန်ဟတ်ချောက် ကျေးရွာဘက်သို ထွက်ခွာသွားကြောင်းနှင့် အဆိုပါယာဉ်အား တပ်/ရဲ/ပသစ ယာဉ်ဟု ထင်မှား၍ ပစ်ခတ်ခြင်းဖြစ် နိုင်ကြောင်း သိရှိရသဖြင့်  ပူးပေါင်းအဖွဲ့သည် ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံသို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Total Views ~ 250

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43364

© 2022 - 2025 News. All Rights Reserved.