ပခုက္ကူလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရေး စီမံနေကြောင်း နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၃ စက်တင်ဘာ ၆
    ပုဂံဒေသသို့ ခရီးသွားပိုမိုဝင် ရောက်စေရန် ပခုက္ကူလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြား လိုက်သည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ပုဂံဒေသအတွင်း ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ညောင်ဦးလေဆိပ်သို့ နိုင်ငံတကာလေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရေး ဆောင်ရွက်ပေး စေလိုမှုများကို ဒေသခံများက တင်ပြမှုနှင့် ပတ်သက်၍ အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။
    ပုဂံ-ညောင်ဦးလေဆိပ်သည် ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တည်ရှိ ခြင်းကြောင့် ပြည်ပမှ လေယာဉ်ကြီးများ တိုက်ရိုက်ဆင်းသက်ရန် အခက်အခဲများရှိနေ သဖြင့် ရေရှည်အတွက် အဆင်ပြေစေရန် ပခုက္ကူလေဆိပ်အား နိုင်ငံတကာလေဆိပ် အဖြစ် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၂၇ ရက်တွင် ပုဂံရှေးဟောင်းနယ်မြေရှိ မြို့မိမြို့ဖများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
    ဆက်လက်၍ မိမိတို့နိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက်မှုမရှိစေရေး နိုင်ငံရေးအရ အကြောင်းအမျိုးမျိုးပြ၍ ပိတ် ပင်မှုများရှိခြင်းကြောင့် ပြည်ပခရီးသွားများ ဝင်ရောက်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်းများသည်လည်း အခြားနိုင်ငံများကဲ့သို့ ဆောင်ရွက်ပေးရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
    ထို့အပြင် ပြည်တွင်း၊ ပြည်ပမှ  ဘုရားဖူးလာပြည်သူများ စားသောက်ရေး၊ နေထိုင်ရေးနှင့် သွားလာမှုများ အဆင်ပြေစေ ရေးအတွက် ဒေသခံများက ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပုဂံဒေသတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် ပုဂံဒေသသည် မိုးရွာရက်နည်းပါး ခြင်းကြောင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ် စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို တတ် နိုင်သမျှဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကမှာ ကြားခဲ့သည်။

 

Total Views ~ 207

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43789

© 2022 - 2025 News. All Rights Reserved.