Breaking

ပင်လယ်ကူးသင်္ဘောသားများအတွက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံခြင်းနှင့် အိမ်ရာချေးငွေ ရယူနိုင်ရန်အတွက် ဟောပြောပွဲ ပထမဦးဆုံးအကြိမ် ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၂
    မြန်မာနိုင်ငံ သင်္ဘောသားများနှင့် မိသားစုဝင်များ အိမ်ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗဟုသုတရရှိစေရန်နှင့် အိမ်ရာချေးငွေ ရယူခြင်းအကြောင်းကို သိရှိနားလည်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအတွက် Prime Estate မှ ပထမဦးဆုံးအကြိမ်အဖြစ် အိမ်ခြံမြေရင်း နှီးမြှုပ်နှံခြင်းနှင့် အိမ်ရာချေးငွေ (Home Loan) အကြောင်း ဟောပြောပွဲကို ဇန်နဝါရီ ၁၇ ရက်တွင် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။
    ဟောပြောပွဲတွင် အိမ်ခြံမြေရင်း နှီးမြှုပ်နှံမှုအကြောင်းအရာများနှင့် အိမ်ရာချေးငွေ Home Loan ဖြင့် ဘဏ်ချေးငွေရယူပြီး အိမ်ဝယ်သည့်အခါ လိုအပ်သောအချက်အလက်များနှင့် သိထားသင့်သည့် အရေးကြီး အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။
    MSF အဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်က "လက်ရှိသင်္ဘောသားတွေ လစာက ကျွန်တော် တို့ သင်္ဘောလိုက်ခဲ့စဉ်ကထက်တော့ လစာဝင်ငွေ ပိုပြီးကောင်းလာတယ်။ ဒေါ်လာနဲ့တွက်ရင်ပိုရလာတယ်။ သို့သော် တစ်ချိန်တည်းမှာပဲ အိမ်ရာ၊ မြေဈေးတွေကလည်း တက်လာတယ်။ မြေဈေးတွေ တက်လာတဲ့အတွက် သူတို့ရတဲ့ လစဉ်ဝင်ငွေနဲ့ အိမ်ပိုင်ရာပိုင်ဖြစ်ဖို့ နည်းနည်းခက်တယ်။ အိမ်ပိုင်ရာ ပိုင်ဖြစ်ဖို့ ဘဏ်ကဏ္ဍကလည်းအရေးပါလာသလို သင်္ဘောသားတွေရဲ့ ဝင်ငွေကလည်း ပုံမှန်ရှိဖို့ အရေးပါတယ်။ အဲ့ဒီနှစ်ခုကို မျှမျှတတလုပ်နိုင်မှ သင်္ဘောသားတွေလည်း အိမ်ပိုင်ရာပိုင်ဖြစ်မယ်လို့ မြင်တာကြောင့် ဒီဟောပြောပွဲကိုကျင်းပတာ ဖြစ်ပါတယ်"ဟု  ပြောကြားခဲ့သည်။
    ထို့နောက် PRIME ESTATE မှ တာဝန်ရှိသူများက အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားနှင့် ပတ်သက်၍ လည်းကောင်း၊ Bank Loan Service အိမ်၊ ရာ ချေးငွေဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေဥပဒေနှင့်ပတ်သက်၍ လည်းကောင်း ဟောပြောခဲ့ကြကာ၊ တက်ရောက်လာသူများက သိလိုသည်များကို အကြံပြုဆွေးနွေးဖြေ ကြားပေးခဲ့ကြကြောင်း သိရှိရသည်။ သက်မှူး

Total Views ~ 246

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48990

© 2022 - 2025 News. All Rights Reserved.