၂၀၂၃ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင် လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှသိရ သည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ ဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် လိန်းလီ ကျေးရွာအနီးတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ မင်းမင်း(ခ)မျိုးကျော်သူဝင်း မောင်းနှင်ပြီး မသီတာလင်းနှင့် နိုင်လင်းတို့ လိုက်ပါလာသည့် HIACE မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆၂၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ ၅ သိန်း သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထပ်မံ၍ စစ်ဆေးချက်အရ ယင်းနေ့ နံနက် ၁၀ နာရီခွဲတွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အနီးတွင် စိတ်ကြွရူးသွပ်ဆေး ပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူး ပေါင်းပါဝင်သူ ရှိုင်းမြတ်သူ(ခ)စိုင်းအွမ်နှင့် စိုင်းဝေမိုးအောင်(ခ)စိုင်းလုံတို့အား AD VAN မော်တော်ယာဉ် စီးနှင့်အတူ ဆက် လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်း ဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းင်းတို့အား ဥပဒေအရ အရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။