Breaking

ပစ်ခတ်တိုက်ခိုက်နေခြင်းအားဖြင့် ပြဿနာ ပြေလည်သွားမည်မဟုတ်ဟု စောမူတူးစေး ဖိုးပြော

၂၀၂၃ အောက်တိုဘာ ၁၅ 
    ပစ်ခတ်တိုက်ခိုက်နေခြင်းအားဖြင့် ပြဿနာပြေလည်သွားမည်မဟုတ်ဘဲ နိုင်ငံရေးပြဿနာကို  နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာမှသာ နှစ်ဖက်အနိုင်အရှုံးမရှိ ပဋိပက္ခပြေလည်စေနိုင် မည်ဖြစ် ကြောင်း တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးက ပြောသည်။
    "အခုဖြစ်နေတဲ့ အခြေအနေကတော့ တော်တော်ကြိုးစားရမယ့် သဘောရှိတယ်။ အားလုံးသတ္တိရှိတဲ့ သူတွေချည်းပဲ။ သတ်ချင်၊ ဖြတ်ချင်တဲ့သတ္တိတွေ မွေးနေတုန်း။ အခုမှစတယ်ဆိုတော့ ကျွန်တော်တို့ အရင် တုန်းက သွားခဲ့တဲ့အတိုင်းဆိုရင်တော့ နောက်အနှစ် ၆၀၊ ၇၀ လောက် စောင့်ရဦးမယ်။ ကျွန်တော်တို့လည်း အစတုန်းက ဒီအတိုင်းပဲသွားတာကိုး။ သွားတော့ အတွေ့အကြုံအရ နှစ် ၆၀ ကျော်ကျမှ ကျွန်တော်တို့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှ ကမ်းလှမ်းတဲ့အပေါ်မှာ ကျွန်တော်တို့ကလည်း ပြောရမယ်ဆိုရင် ဗိုလ်ချုပ်မြကလည်း ဆိုင်းမဆင့်ဗုံမဆင့် သူတစ်ယောက်ရဲ့ သဘောနဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ လာပြီးတော့ ကျွန်တော်တို့ ပထမဆုံးရပ်လိုက်တဲ့ Gentlemen Cea-sefire Agreement  (နှုတ်ကတိအားဖြင့် အပစ်အခတ်ရပ်စဲရေး)ရခဲ့တာ။ အခုကတော့ NCA ကို ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပြီးမှ ရခဲ့တဲ့အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့အတိုင်း သွားခဲ့တယ်။

အခုလို သတ်ဖြတ်တဲ့နည်းနဲ့တော့ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ Conflicts Resolution ရှိတယ်။ Compet? Avoidance? Accommodate?  Collaborate compromise ကျွန်တော်တို့ ဘာကိုရွေးမလဲ။ အခုကသွား နေတာက Compet နဲ့ သွားနေတာဆိုတော့ Compet ကို ရွေးထားတဲ့သဘောရှိတယ်။ Compet မှာ သူ့အဖြေကနှစ်မျိုးပဲရှိတာကိုး။ Conflicts Resolution အရ  အရှုံးအနိုင် အဖြေနှစ်ခုပဲထွက်မယ်။ တခြားအဖြေမရှိဘူး။ အခုက Compet နည်းနဲ့သွားတော့ ကျေနပ်ကြတယ်ဆို ရင်လည်း နိုင်တဲ့သူကတော့ ဝမ်းသာမယ်လေ။ ရှုံးတဲ့သူကတော့ ကျေနပ်မှာမဟုတ်ဘူး။ မကျေနပ်တော့ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ငါတို့ကို လက်နက်နဲ့အနိုင်ကျင့်ခဲ့တာ။ ငါတို့လည်း ကိုယ့် လမ်းကြောင်းနဲ့ကိုယ် လိုက်ရှာပြီးတော့ ပြန်ပြီးတော့ လက်စားချေ တုံ့ပြန်လာမယ်။ အဲဒီလိုပဲဖြစ်နေမှာ။ ဒါကြောင့် ကျွန်တော်တို့ကတော့ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ ဆိုတော့ ဘယ်သူမှ အရှုံးလည်းမရှိဘူး၊ အနိုင်လည်း မရှိဘူး။ ကျွန်တော်ကတော့ ဒီအတိုင်းပဲ ခံယူတယ်"ဟု စောမူတူးစေးဖိုးကပြောသည်။
    စောမူတူးစေးဖိုးသည်  ကရင်အ မျိုးသားအစည်းအရုံး (KNU ) ဥက္ကဋ္ဌဟောင်းဖြစ်ပြီး  NCA စာချုပ်ကို ကိုယ်တိုင်လက်မှတ် ရေးထိုးပါဝင်ခဲ့သည့် တိုင်းရင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သည်။ ထို့အပြင် အရပ်သားတစ်ဦးအနေဖြင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ပြောဆိုထားပြီး  အောက်တိုဘာ ၁၅ ရက်က နေပြည်တော် MICC-2  တွင် ပြု လုပ်သော NCA ချုပ်ဆိုမှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ကာ  မိန့်ခွန်းပြောကြားခဲ့ သည်။

Total Views ~ 271

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43850

© 2022 - 2025 News. All Rights Reserved.