ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အမည်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထား

ရန်ကုန်၊ ဧပြီ ၃၀

    ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအမည်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်များ လျှောက်ထားလာကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
    ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို UEC သို့ ဧပြီ ၂၅ ရက်က  လာရောက်လျှောက် ထားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
    ယင်းသို့ လျှောက်ထားသည့်အဖွဲ့ အား ပါတီတည်ထောင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း UEC မှ အသိပေး ထုတ်ပြန်ထားသည်။
    ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်အထိ  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၂၂ ပါတီရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၅၀ စုစုပေါင်း ၇၂ ပါတီရှိပြီဖြစ်ကြောင်း သိရသည်။
    ထို့အပြင် နိုင်ငံရေးပါတီတည် ထောင်ခွင့် လျှောက်ထားလိုသူများသည် ၂၀၂၅ ခုနှစ် မေ ၉ ရက် နောက်ဆုံးထား၍  UEC သို့ လာရောက် လျှောက်ထားကြရန်  အသိပေး ကြေညာထားသည်။ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများကို ဒီဇင်ဘာ လအတွင်းတွင် ကျင်းပရန် ရှိပါသဖြင့် နိုင်ငံ ရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင် ခြင်း၊ ပါတီများ ပူးပေါင်းလျက် ပါတီတစ်ခု တည်းအဖြစ် တည်ထောင်ခြင်း လုပ်ငန်းများ အား ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန် နှင့် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက် ပွဲ ဆိုင်ရာလုပ်ငန်း၊ မဲဆွယ်စည်းရုံးခြင်းဆိုင် ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အ ချိန်လုံလောက်စွာ ရရှိစေရန် အလို့ငှာ အဆိုပါရက်ကို နောက်ဆုံးထား၍ လျှောက် ထားကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အသိပေး ကြေညာထားသည်။   ညီသစ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43055

© 2022 - 2025 News. All Rights Reserved.