၂၀၂၃ အောက်တိုဘာ ၃
ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူ၏ဆန္ဒအရ ရွေးချယ်ထားသော စနစ်ဖြစ်ပြီး အစိုးရသက်တမ်းနှစ်ဆက်ဆက်တိုက် ကျင့်သုံးဆောင်ရွက်ခဲ့သော စနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍မရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦး စီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
အောက်တိုဘာလ ၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိ ယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံ့အာဏာ အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တထိန်းသိမ်းရာတွင် ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ ရှေ့လုပ်ငန်းစဉ်ငါးရပ်၊ ဦးတည်ချက် ၁၂ ရပ်ကို ချမှတ်အကောင် အထည် ဖော်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ စပြီးပြောင်းလဲဖြစ် ပေါ်လာသော အခြေအနေများအရ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် ဦးတည်ချက်ကိုးရပ်ကို ပြောင်းလဲချမှတ် အကောင်အ ထည်ဖော် လျက်ရှိကြောင်း၊ ယခင်ရှေ့လုပ်ငန်းစဉ် ငါးရပ်တွင် ဖြစ်ပေါ်နေသော မဲမသမာမှုဆိုင်ရာများ ဖြေရှင်းရန်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသ၊ ထိန်းချုပ်ရန်ကိစ္စနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ယိုင်နဲ့နေသော စီးပွားရေးကို ပြန်လည်တည့်မတ်ရန်ဆိုသည့် အချက်သုံးချက်မှာ ယနေ့အချိန်တွင် ဖြေရှင်း ဆောင်ရွက်ပြီးဖြစ်၍ ယနေ့ အချိန်နှင့်ကိုက်ညီသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုး မိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်သူတို့၏ လူမှု စီးပွားဘ၀ မြင့်မားရေးတို့အတွက် လည်းကောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီ စုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန်အတွက်လည်းကောင်း စသည့် အချက်သုံးချက်ဖြင့် အစားထိုးပြင် ဆင်လျက် ငြိမ်းချမ်းရေးဆိုင်ရာနှင့် အထွေ ထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကိုမူ နိုင်ငံတော်၏ မူလရည်မှန်းချက်အတိုင်း ရှေ့လုပ်ငန်းစဉ်၌ ထည့်သွင်းလျက် အဆိုပါရှေ့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်၍ ဦးတည်ချက် ကိုးရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်း ပြောကြားသည်။
ထို့အပြင်နိုင်ငံရေး ရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် စစ်မှန်ပြီးစည်းကမ်းပြည့်၀ သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်သည် ပြည်သူ၏ဆန္ဒအရ ရွေးချယ်ထားသော စနစ်ဖြစ်ပြီး အစိုးရသက် တမ်းနှစ်ဆက် ဆက်တိုက် ကျင့်သုံးဆောင် ရွက်ခဲ့သော စနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကို မျက်ကွယ် ပြု၍မရကြောင်း ပြောကြားခဲ့သည်။