ပါတီဝင်များကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးလဲလှယ်နိုင်ရေး UEC လမ်းညွှန်

၂၀၂၃ စက်တင်ဘာ ၁၁
    နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်များ ကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်ကတ်ပြားများကို နိုင်ငံသား စိစစ်ရေးကတ်များနှင့် အစားထိုးလဲ လှယ်နိုင်ရေးနှင့် အချက်အလက် မှားယွင်းကွဲလွဲမှုများရှိက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ လမ်းညွှန်ထားကြောင်း သိရသည်။
    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက် UEC အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဦးကိုကိုလွင်နှင့် တာဝန်ရှိသူများသည် နိုင်ငံရေးပါတီ ရှစ်ပါတီတို့အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ယင်းသို့ လမ်းညွှန် ထားကြောင်း သတင်းထုတ်ပြန်ထားခြင်းဖြစ် သည်။
    ့နဃ အဖွဲ့ဝင်များက မှတ်ပုံတင် ခွင့်ပြုပြီးဖြစ်သော ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) ၊ ချင်းပြည်နယ်အခြေစိုက် ခူမီးအမျိုးသားပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီ ညွတ်ရေးပါတီ (Shan-Ni Solidarity Party (S.S.P)၊ နာဂအမျိုးသားပါတီ ( Naga Na-tional Party(NNP) ၊ မွန်ပြည်နယ် အခြေစိုက် အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားအကျိုး စီးပွားတိုးတက်ရေးပါတီ (NIDP) နှင့် ရှမ်းပြည် နယ်အခြေစိုက် (ဝ)အမျိုးသားပါတီ (WA NATIONAL PARTY) တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။
    ယင်းသို့စစ်ဆေးခဲ့ရာတွင် ပါတီဝင် အင်အားစာရင်းများနှင့် စပ်လျဉ်း၍ UEC သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ Me-mber Lists of Political Parties Scrutinizer System (MLPPS) Software စသည်တို့ဖြင့် စစ်ဆေးလျက်ရှိသောကြောင့် စည်းရုံးရရှိထားသော ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ တင်ပြသွားရန်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဈ)တွင် အခြားနိုင်ငံရေး ပါတီတစ်ခုခု၏ ပါတီဝင်မဟုတ်ခြင်း}} ဖြစ်သူ ကို ပါတီဝင်အဖြစ် စည်းရုံးရမည်ဟု ပြဋ္ဌာန် ထားပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၈)တွင် ပုဒ်မ ၁၀ ပါ အချက်တစ်ရပ်ရပ်နှင့် ကိုက်ညီခြင်းမရှိသော သူများကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန် ထားရှိခြင်းရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထား၍ ပါတီများအနေဖြင့် ဥပဒေများနှင့်အညီ ပါတီဝင်အင်အားစာရင်းအား စိစစ်တင်ပြသွားရန်၊ ပါတီဝင်များ ကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသားမှတ်ပုံ တင်ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးလဲလှယ်နိုင်ရေးနှင့် အချက်အလက်မှားယွင်းကွဲလွဲမှုများရှိက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများနှင့် ဆက်သွယ် ဆောင်ရွက်သွားရန် UEC အဖွဲ့ဝင်များက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

Total Views ~ 182

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43791

© 2022 - 2025 News. All Rights Reserved.