Breaking

ပါတီဝင်အင်အားများကို ဥပဒေနှင့်အညီ စုဆောင်းထူထောင်ခြင်းဖြင့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများဖြစ်ပေါ်လာစေရေး ကြိုးပမ်းကြရန် (UEC) ဥက္ကဋ္ဌ တိုက်တွန်း

၂၀၂၃၊ အောက်တိုဘာ ၂၃
    ပါတီဝင်အင်အားများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထူထောင်ဆောင်ရွက်ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးက တိုက်တွန်း မှာကြား လိုက်သည်။
    UEC နှင့် နိုင်ငံရေးပါတီ ခြောက်ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံပွဲကို အောက်တိုဘာ ၂၁ ရက်က မန္တလေးမြို့ လွှတ်တော်ရုံးဟောင်း အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း နိုင်ငံရေး ပါတီများကို တိုက်တွန်းပြောကြားခဲ့သည်။ 
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ နည်းဥပဒေ များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်း စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင် အင်အားအနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် တစ်ခုအတွင်းသာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့် နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံး သတ်မှတ် ထားသည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရန်၊ သတ်မှတ်ကာလအတွင်း အနည်းဆုံး စည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ သတ်မှတ်ကာလအတွင်း ရုံးခန်းဖွင့်လှစ်နိုင် ခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည်မဟုတ်ကြောင်းနှင့် ယခုကဲ့သို့ နိုင်ငံရေးပါတီများ ထူထောင်မှုကို စနစ်တကျ ဖြစ်စေရန်ကော် မရှင်မှ စိစစ်ရ ခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံ၍ နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများတွင် ပါဝင် ထမ်းဆောင် မည့်သူများ ဖြစ်လာမည်ဖြစ်၍ ဥပဒေနှင့် ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီထူထောင်မှု ရရှိစေရန်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ  ဦးသိန်းစိုးက ယင်းတွေ့ဆုံပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အရာရှိများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ၊ ရှမ်းနှင့်တိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရက်တစ်အင်အားစု လေဘာပါတီတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များတက် ရောက်ခဲ့ကြသည်။

Total Views ~ 163

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43869

© 2022 - 2025 News. All Rights Reserved.