၂၀၂၃ အောက်တိုဘာ ၉
တာဂျစ်ကစ္စတန်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေသည့် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ၏ အုပ်စု(E)တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းပါဝင်ယှဉ် ပြိုင်နေပြီး အုပ်စုပထမပွဲစဉ်တွင် ပါလက် စတိုင်းအသင်းကို လည်းကောင်း၊ ဒုတိယ မြောက်ပွဲစဉ်အဖြစ် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်က စားခဲ့ပြီး နှစ်ပွဲလုံးအနိုင်ရရှိခဲ့ခြင်းကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ အာရှဖူဆယ်ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် အုပ်စုပထမ ပွဲစဉ်တွင် ပါလက်စတိုင်းအသင်းကို နှစ်ဂိုး- တစ်ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သလို အုပ်စု ဒုတိယပွဲစဉ်တွင်လည်း အိန္ဒိယအသင်းကို ငါးဂိုး-နှစ်ဂိုးရလဒ်ဖြင့် ထပ်မံရရှိခဲ့ပြီး အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်တာဂျစ်ကစ္စတန်အသင်းနှင့်မတိုင်မီ အာရှဖလား ဝင် ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအသင်းနှင့် ပွဲစဉ်တွင်မြန်မာအသင်းသည် သိုင်းဖွဲ့အောင်၊ မျိုးသက်အောင်တို့၏ သွင်းဂိုးများအပြင် ပြိုင်ဘက်အ သင်း၏ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ပထမပိုင်းတွင် ၃-၁ ဂိုးဖြင့် အနိုင်ရရှိနေခဲ့ သည်။ ဒုတိယပိုင်းတွင် အိန္ဒိယအသင်းက ချေပဂိုးတစ်ဂိုးထပ်မံ ရရှိခဲ့သော်လည်း မြန်မာအသင်းအတွက် မျိုးသက်အောင်နှင့် လှိုင်မင်းထွန်းတို့က ဂိုးများထပ်မံသွင်းယူနိုင်ခဲ့ သောကြောင့် ပွဲအပြီးတွင် ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအသင်းနှင့် ပွဲစဉ်အပြီးမြန် မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က "ဒီနိုင်ပွဲက မြန်မာဖူဆယ်လောက တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အသင်းပိုင်ရှင်တွေ၊ နည်းပြတွေ၊ ကစားသ မားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့သည်။ ထိုပွဲစဉ်နှင့် ပတ်သက်၍ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းနည်းပြချုပ် Mr. Bunlert Charoenw-ong "ကစားသမားတွေအားလုံး ကျွန် တော့်ရဲ့ နည်းစနစ်အတိုင်း ကစားနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တယ်။ ဒီနိုင်ပွဲ အတွက် ကစားသမားတွေ၊ အသင်းမှ တာ ဝန်ရှိသူတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူး တင်ပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ခြေစစ်ပွဲ အုပ်စု(E) တတိယေ မြာက်ပွဲစဉ်အဖြစ် အိမ်ရှင် တာဂျစ်ကစ္စတန် အသင်းနှင့် အောက်တိုဘာ ၁၁ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ် သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ပါလက်စတိုင်းအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိသော AFC Futsal Asian Cup 2024 ခြေစစ်ပွဲစဉ်တွင် ဂိုးသမားကျော်ထက်အောင် ဒူးဒဏ်ရာရရှိခဲ့ခြင်း ကြောင့် လာမည့် အိန္ဒိယ၊ တာဂျစ်ကစ္စတန် အသင်းတို့နှင့် ပွဲစဉ်များကို လွဲချော်မည်ဖြစ်သည်။
ထို့ကြောင့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၌ လက်ကျန် AFC Futsal Asian Cup 2024 ခြေစစ်ပွဲစဉ်များအတွက် အထက်ဖော်ပြပါပွဲစဉ်တွင် လူစားဝင်ရောက် ကစားခဲ့သူ ညီညီသန့် တစ်ဦးသာ ဂိုးသမား အဖြစ် ကျန်ရှိတော့မည် ဖြစ်သည်။