၂၀၂၄ ၊ မတ် ၂၈
ဘဏ္ဍာငွေနှင့် ပတ်သက်၍သတ်မှတ်ကာလ ပြည့်မီဖြစ်ပြီး ပိုလျှံရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့တွင် အသုံးပြုနိုင်ရေး ခွင့်ပြုပေးထားသဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄)ကို မတ်လ ၂၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တက်ရောက်အမှာစကား ပြောကြားရာ တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
နိုင်ငံတော်ဝန်ကြီးချုပ်က "တက္ကသိုလ်ဝင်စာမေးပွဲများ ပြီးမြောက်ပြီဖြစ်ပြီး ကျောင်းအား လပ်ရက်ကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် လူငယ်၊ လူရွယ်များ ပိတ်ရက်ကာလကို အကျိုးရှိရှိ အသုံးချနိုင်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရန် လို ကြောင်း၊ လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ အမျိုးသားရေးစရိုက်လက္ခဏာကို တိုးမြင့်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေနိုင်မည့် သင်တန်းများ၊ လှုပ်ရှားမှုများကို ဆောင်ရွက်ပေးသွား ရန်လိုကြောင်း၊ ထို့အတူလာမည့် ကျောင်းဖွင့်ရာသီတွင် ကျောင်းများအားလုံး ပညာသင်ကြားရန် အဆင်သင့် ဖြစ်စေရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးအတွက်လည်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန်လိုကြောင်းနှင့် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးဖော်ဆောင်ပေးရမည်"ဟု ပြောကြား သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာစာ ရေးထုံးနှင့် ပတ်သက်၍ စနစ်ကျ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ စာပေအား ထိန်းသိမ်းခြင်းကို စနစ်တကျ ဆောင်ရွက်နေရန်လိုကြောင်း၊ သတင်းလုံခြုံမှုအတွက် Cyber Security နှင့် ပတ်သက်ပြီး အမြဲသတိပြုရန် လိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။