Breaking

ပုဂ္ဂလိကကဏ္ဍ ဖွံ့ ဖြိုးရေး စိတ်အားထက်သန်သူများအားလုံး UMFCCI အသင်းချုပ်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်

၂၀၂၃ ဒီဇင်ဘာ ၁၁
    ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စိတ်အားထက်သန်သူများအားလုံးကို အသင်းချုပ်နှင့်အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြား လိုက်သည်။
    ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ဒီဇင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် UMFCCI (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ကုန်သည်စက်မှု အသင်း ချုပ်သည် ပုဂ္ဂလိကကဏ္ဍကို ကိုယ်စားပြုသည့် အစိုးရမဟုတ်သော အမျိုးသားအဆင့် ဦးဆောင်အဖွဲ့ အစည်းဖြစ်သည်နှင့်အညီ မည်သည့် ခေတ်အခါတွင်မဆို  ပြည်တွင်းစီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်ရှင်သန် ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းရှင်များ၊ ပညာရှင်များ အပါအဝင် အသင်းသူ၊ အသင်းသားများအားလုံး၏ စုစည်းမှုစွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ပုဂ္ဂလိကစီးပွား ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ၏ လူမှုစီးပွားဘ၀ သာယာဝပြောပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအထိ ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ပြီး ဆောင်ရွက်နေခြင်းဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    အသင်းချုပ်၏ ဆောင်ရွက်မှုတိုင်းကို ပွင့်လင်းမြင်သာ၍ ကျင့်ဝတ်နှင့်အညီ တာဝန်ယူမှုရှိသော လုပ်ဆောင်မှုများဖြင့် Stakeholder များအားလုံး ယုံကြည်မှုရှိစေရန်နှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့် အများပြည်သူတို့အကြား မျှတသော အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ဦးတည် ဆောင်ရွက်လျက်ရှိပြီး အသင်းချုပ်အနေဖြင့် ညီနောင်အသင်းများ၏ စုစည်းမှုအားဖြင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို  ကျော်ဖြတ်ရာတွင် ညီနောင်အသင်းများ၏ ကိုယ်စားပြုနိုင်မှု၊ စွမ်းဆောင်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်လိုမှုတို့သည် လုပ်ငန်းများအောင်မြင်မှုအတွက် အဓိကျသည့်အချက်များဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍသည် လုပ်ငန်းရှင်များ အတွက်သာမက ပြည်သူများ စားဝတ်နေရေးနှင့် လူမှုစီးပွားဘ၀ တည် ငြိမ်ရေးတို့အတွက်ပါ အရေးကြီးသည့် အလျောက် ပုဂ္ဂလိကစီးပွားရေးကဏ္ဍဆက် လက်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရေးတို့အတွက် အသင်းချုပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ ညီနောင်အသင်းများ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့ အစည်းများ၊ အသင်းဝင်များ၊ စီးပွားရေး လုပ်ငန်းကဏ္ဍနယ်ပယ်စုံမှ လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူ အားလုံးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ထည့်သွင်းပြောကြားခဲ့သည်။

Total Views ~ 300

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43924

© 2022 - 2025 News. All Rights Reserved.