ပုဂ္ဂလိကဘဏ်အပ်ငွေ အတိုးနှုန်းများ ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးအပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၄
    ပြည်တွင်း ပုဂ္ဂလိကဘဏ် အပ်ငွေအတိုးနှုန်းထားများကို ယခင်ပေးအပ်သည့် ရှစ်ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးအပ်မည်ဟု ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်ကြေညာချက်အရ သိရသည်။
    ပြည်တွင်း ပုဂ္ဂလိကဘဏ်တစ်ခု ဖြစ်သည့် ကမ္ဘောဇဘဏ်ကလည်း Call Deposit  ကို အတိုးနှုန်းရှစ်ရာခိုင်နှုန်း၊ Saving Deposit ကို အတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ Fix Deposit တစ်နှစ်အထိရှိပါက အတိုးနှုန်း ၁၂ ရာခိုင်နှုန်း၊ တစ်နှစ်အထက်ဖြစ်ပါက အတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေး မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ထို့အပြင် CB ဘဏ်ကလည်း Saving Deposit ကို အတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ Call Deposit ကိုအတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ Fix Deposit ကို အတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင် နှုန်း၊ ၁၅ ရက် Fix Deposit ကို အတိုးနှုန်း ၁၀ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရက် ၁၀၀ Fix Deposit  ကို အတိုးနှုန်း ၁၁ ဒသမ ၈၅ ရာခိုင် နှုန်းပေးမည်ဟု သိရသည်။
    ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ရိုးမဘဏ်ကလည်း ယင်းဘဏ်၏ အပ်ငွေအတိုးနှုန်းများမှာ Flexi ငွေစုဘဏ်အပ်ငွေအကောင့်တွင် ငွေစုအပ်နှံပါက အမြင့်ဆုံး အတိုးနှုန်း ၉ ဒသမ ၅၀ ရာခိုင်နှုန်း၊ Flexi ခေါ် ယူအပ်ငွေစာရင်းတွင် ငွေစုအပ်နှံပါက အမြင့်ဆုံး အတိုးနှုန်း ၈ ဒသမ ၅၀ ရာခိုင်နှုန်း၊ ှကစနမ စာရင်းသေ အပ်ငွေအကောင့်တွင် ခုနစ်ရက်အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း  ၉ ဒသမ ၂၅ရာခိုင်နှုန်း၊ ၁၄ ရက်အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း ၉ ဒသမ ၇၅ ရာခိုင်နှုန်း၊ တစ်လအပ်နှံပါက အမြင့်ဆုံး အတိုးနှုန်း ၁၁ ဒသမ ၃၀ရာခိုင်နှုန်းအထိ၊ သုံးလ အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း ၁၁ ဒသမ ၇၅ ရာခိုင်နှုန်း၊ တစ်နှစ်အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း ၁၂ ရာခိုင်နှုန်းအထိရရှိမည်ဟု ကြေညာထားသည်။
    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက် လျော့ကျစေ ရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေ ပိုမိုရရှိစေရန်၊ ဘဏ်များ၏ ချေးငွေထုတ် ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့်အတိုး နှုန်းများကို ပြင်ဆင်သတ်မှတ်လိုက် ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
    ဗဟိုဘဏ်၏ကြေညာချက်မှာ (က) ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိခုနစ် ရာခိုင်နှုန်းမှ ကိုးရာ ခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်သည်။ (ခ)ဘဏ်များက အပ်ငွေများအ ပေါ်ပေးရမည့် အနည်းဆုံးအ တိုးနှုန်းကို ခုနစ်ရာခိုင်နှုန်းနှင့် ချေးငွေများ အားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုး နှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်သည်။ (ဂ) ဘဏ်များအနေဖြင့် မိမိတို့၏ အမြတ်ရနိုင် စွမ်းနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲနိုင်မှုအရအပ်ငွေနှင့် ချေးငွေအတိုးနှုန်းများကို ခုနစ် ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ် မှတ်ရန်ဟုထုတ်ပြန်ထားသည်။ ထူးမြတ်

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43808

© 2022 - 2025 News. All Rights Reserved.