Breaking

ပုသိမ်ထီး အကြမ်းပြုလုပ်ခြင်းနှင့် ပုသိမ်ထီးဆေးခြယ်ရေးသင်တန်းများကို  လာမည့်ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်မည်

၂၀၂၄ ၊ ဖေဖော်ဝါရီ ၆
    ပုသိမ်ထီးအကြမ်း ပြုလုပ်ခြင်းသင်တန်းနှင့် ပုသိမ်ထီးဆေးခြယ်ရေးသင်တန်းများကို ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောကြားခဲ့သည်။
    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ဖေဖော်ဝါရီ ၄ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ပိုမိုဖြစ်ထွန်းသော ဒေသဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME သင်တန်းများ ဖြစ်သည့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနည်းနှင့် ပြုပြင်နည်းသင်တန်း၊ လယ်ယာသုံးဓာတ်မြေသြဇာကို ဒေသထွက်ကုန် ကြမ်းများနှင့် အချိုးအစား မှန်ကန်စွာ ပြုလုပ်နည်းနှင့် စနစ်တကျ အသုံးပြုနည်းသင်တန်း၊ ပုသိမ်ထီးအကြမ်းပြုလုပ်ခြင်း သင်တန်းနှင့် ပုသိမ်ထီး ဆေးခြယ်ရေးသင်တန်းတို့ကို သက်ဆိုင်ရာဌာနများ၊ ြှနြ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များပူးပေါင်း၍ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးမြင့်နောင်က ထည့်သွင်းပြောကြားခဲ့သည်။
    အဆိုပါ သင်တန်းကျောင်းအနေ ဖြင့် ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်ခြောက်လတွင် လျှပ်စစ်နှင့် ဂဟေသင်တန်းတွင် သင်တန်းသား ၈၀၊ ၂၀၂၂-၂၃ ဘဏ္ဍာရေး နှစ်တွင် လျှပ်စစ်နှင့် လေအေးပေးစက်တပ် ဆင်ပြုပြင်သင်တန်းတို့တွင် သင်တန်းသား ၁၀၀မွေးထုတ်ခဲ့ပြီး ယခု ၂၀၂၃-၂၄ ဘဏ္ဍာ ရေးနှစ်တွင် လျှပ်စစ်နှင့်လေအေးပေးစက် တပ်ဆင်ပြုပြင်သင်တန်းတို့တွင် သင်တန်းသား ၁၀၀ သင်တန်းပို့ချခဲ့ကြောင်း၊ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် (၁)နှင့် (၂)၊ အုတ်စီအလုပ်အကိုင်နှင့် လက်သမားအလုပ် အကိုင်တို့အတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနများ တည်ထောင်ကာ စစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ခဲ့ရာ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် (၁)အတွက် ၂၀၃ ဦး၊ အဆင့်(၂)အတွက် ၆၃ ဦး၊ လက်သမားကျွမ်းကျင်မှု အဆင့်(၁)အတွက် ၂၁ ဦး၊ အုတ်စီကျွမ်းကျင်မှုအဆင့် (၁)အတွက် ၂၃ ဦး စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43985

© 2022 - 2025 News. All Rights Reserved.