၂၀၂၃၊ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပေါက်မြိုနယ်ပြည်သူ့ဆေးရုံ၌ ပြည်သူနှစ်ဦး ဒဏ်ရာများဖြင့် ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲက သွားရောက်စစ်ဆေးရာ ဦးသန်းရွှေ(၇၅)နှစ် အောင်တံခွန်ကျေးရွာ ပေါက်မြိုနယ်နေသူတွင် ဝမ်းဗိုက် အူထွက်ဒဏ်ရာ၊ ဝဲဘက်တင်ပါးပေါက်ပြဲ ဒဏ်ရာ ၁ချက်(စိုးရိမ်ရ) နှင့် ၎င်း၏သမီးဖြစ်သူ မမြနှင်း(၃၅)နှစ်တွင် ဝဲလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ဝဲနားနောက်ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိထားသည်ကို စစ်ဆေး တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်အား မေးမြန်းရာ ဇန်နဝါရီ ၂ရက် ညနေပိုင်းတွင် ၎င်းတို ၂ ဦးမှာ ကျားသိုက်ကျေးရွာအနီး ပဲစဉ်းခုံခင်းသို ပေါက်-ကျားသိုက်သွား လမ်းအတိုင်း လမ်းလျောက်လာစဉ် အကြမ်းဖက်အုပ်စု PDF အဖွဲမှ ထောင်ထားသည့် မိုင်း ၁လုံးအား ဦးသန်းရွှေက တိုက်မိပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မိုင်းထောင်ခဲ့သည့် အကြမ်းဖက်အုပ်စု PDF အဖွဲ အား (ပ)၃/၂၀၂၃ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။