၂၀၂၄ ၊ ဧပြီလ ၃၀
ပဲခူးတိုင်းဒေသကြီးသို့ ဧပြီလအတွင်း ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်သန်း တိုးတက်ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ရာခိုင်နှုန်း ၆၀ ဖန်တီးပေးနိုင်ခဲ့ကြောင်း ဧပြီ ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)မှ သိ ရသည်။
အဆိုပါအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက "စက်ရုံလုပ်ငန်းများထူထောင်ရာမှာ သတ်မှတ်ထားတဲ့ စက်မှုဇုန်အတွင်းမှာသာ ဦးစားပေး ခွင့်ပြုသွားရမှာဖြစ်ပြီး လိုအပ်တဲ့ အုပ်ချုပ်မှုကိစ္စရပ်တွေကို လွယ်ကူအောင် စီမံဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ တည်ဆောက်ဆဲစက်ရုံများနဲ့ ခွင့်ပြုချက်လိုင်စင်ရရှိရေ စောင့်ဆိုင်းနေရတဲ့ စက်မှုလုပ်ငန်းများ အတွက် လုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေးကို ဌာနဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။ ဒေသခံလုပ်သားအင်အားများ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ CMP လုပ်ငန်းများနဲ့ ဒေသထွက်ကုန်ကြမ်းပစ္စည်းတွေကို ပြည်ပသွင်း ကုန်အစားထိုး ပြည်တွင်းလူသုံးကုန် ထုတ်လုပ်တဲ့စက်ရုံများကို ဦးစားပေးဖိတ်ခေါ် သွားရမှာဖြစ်ပါတယ်"ဟု ပြော ကြားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဧပြီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ဒေါ်လာ ၁၉၉ ဒသမ ၀၁၅ သန်းနှင့် နိုင်ငံသားရင်းနှီး မြှုပ်နှံမှုမြန်မာကျပ် ငွေ ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့် အလမ်း ၁၁၅၉၇ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။