Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၀၁၅ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက် 

ရန်ကုန်၊ ဧပြီ ၄
    ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၀၁၅ သန်း၊ နိုင်ငံသားရင်းနှီး မြှုပ်နှံမှု ကျပ် ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း စုစုပေါင်း ၁၁၅၃၇ ဦး ဖန်းတီးပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
    ပဲခူးတိုင်းဒေသကြီးသည် စီးပွား ရေးလုပ်ငန်း ဆောင်ရွက်နိုင်သည့်နေရာ ဒေသကျယ်ဝန်းခြင်း၊ လုပ်သားပေါကြွယ်ဝခြင်း၊ တည်ရှိပြီး စက်ရုံအလုပ်ရုံများ၌ အလုပ်ရှင် အလုပ်သမား ပြဿနာမရှိခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုများ စသည့်အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆက်သွယ်ပြောကြား ထားမှုများရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
    "လာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်များအားလုံးအတွက် လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အဘက်ဘက်က ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသလို တည်ရှိပြီး လုပ်ငန်းများ ထပ်မံတိုးချဲ့ လုပ်ကိုင်လာကြပါတယ်။တိုင်း ဒေသကြီးအတွင်းက ထွက်ရှိတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးထွက်ကုန်တွေကို အခြေခံပြီး ပေါင်းဆန်ထုတ်လုပ်တဲ့ ဆန်စက်၊ ဆီစက် ကြီးတွေ၊ သားငါး အအေးခန်းစက်ရုံတွေဆို လာစက်ရုံတွေနဲ့ မြေသြဇာစက်ရုံကြီး လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ် ဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
    ပဲခူးတိုင်း ဒေသကြီးအတွင်း ယခု နှစ် ၂၀၂၄ ခုနှစ် မတ်လအတွင်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကျပ် ၅၆၅၄ ဒသမ ၇၃၆ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၅၆ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43937

© 2022 - 2025 News. All Rights Reserved.