Breaking

ပဲခူးတိုင်းသို့ ဒီဇင်ဘာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သုည ဒသမ ၈၉၈ သန်း တိုးတက်ဝင်ရောက်

၂၀၂၄ ၊ ဇန်နဝါရီ ၁

          ပဲခူးတိုင်းဒေသကြီးသို့ ဒီဇင်ဘာ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သုည ဒသမ ၈၉၈ သန်း တိုး တက်ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း အယောက် ၂၀၀ ဖန်တီးပေးနိုင်ခဲ့ ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

          တိုင်းဒေသကြီးအတွင်း တည်ဆောက်ဆဲစက်ရုံများနှင့် ခွင့်ပြုချက်၊ လိုင်စင်ရရှိရေး စောင့်ဆိုင်းနေရသည့် စက်မှုလုပ် ငန်းများအတွက် လုပ်ငန်းများ အမြန်ဆုံး လည်ပတ်နိုင်ရေးနှင့် ရုံးလုပ်ငန်းများတွင် ကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးရန် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြောသည်။

          "ပဲခူးဒေသမှာ ပြည်ပနဲ့ ပြည်တွင်း အကျိုးတူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရှိတာ ကြောင့် ရင်းနှီးမြှုပ်နှံမှုအမည်ပြောင်းလဲ လျှောက်ထားမှုတွေမှာ သတ်မှတ်အခွန်ငွေတွေ အကြေပေးသွင်းကြ ရမှာဖြစ်ပြီး စက်ရုံလည်ပတ်ချိန်အတွင်း လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဒေသခံလုပ်သားများ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့ CMP လုပ်ငန်းတွေနဲ့ ဒေသထွက်ကုန်ကြမ်း ပစ္စည်းများနဲ့ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းလူ သုံးကုန်ထုတ်လုပ်တဲ့ စက်ရုံများကို ဦးစားပေးဖိတ်ခေါ်သွားရမှာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။

          ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁  ရက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၀၁၅ သန်းနှင့် မြန်မာကျပ်ငွေ ၇၅၄၅၆ ဒသမ ၂၇၅ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၁၄၈၁ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

Total Views ~ 269

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43948

© 2022 - 2025 News. All Rights Reserved.