Breaking

ပဲခူး-ညောင်လေးပင်နှင့် ညောင်လေးပင်-တောင်ငူရထားလမ်းပိုင်းများကို Chain Link ခြံစည်းရိုးကာရံမည်

ရန်ကုန်၊ မေ ၂၈
    ပဲခူး-ညောင်လေးပင်နှင့် ညောင်လေးပင်-တောင်ငူ ရထားလမ်းပိုင်းများကို Chain Link ခြံစည်းရိုး ကာရံမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ သိရသည်။ 
    ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၊ Phase-l, CP 102 ပဲခူး-ညောင်လေးပင် လမ်းပိုင်းတွင် ပေ ၄၅၀၀ Chain Link ခြံစည်းရိုးကာရံမည်ဖြစ်ပြီး အဆိုပါ ရထားလမ်းအဆင့်မြှင့်တင် ရေးစီမံကိန်း Phase-I, CP 103 (ညောင်လေးပင်-တောင်ငူလမ်းပိုင်း) တော်ဝိ-တောင်ငူ ကြားတွင် ပေ ၉၆၀၀ Chain Link ခြံစည်းရိုး ကာရံမည်ဖြစ်သည်။
    လက်ရှိတွင် ပဲခူး-ညောင်လေးပင် နှင့် ညောင်လေးပင်-တောင်ငူရထားလမ်း ပိုင်းများကို Chain Link ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများအတွက် မြန်မာ့မီးရထားမှ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူထားပြီး တင်ဒါပုံစံများကို ထောက်ပံ့ဌာန၊ မြန်မာ့ မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ်၊ ဗိုလ်တထောင်မြို့ နယ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် မေလ ၂၇ ရက်မှ စတင် ရောင်းချပေးနေပြီး တင်ဒါပိတ်မည့် တင်ဒါ ပိတ်မည့်နေ့/အချိန်ကို ဇွန်လ ၂၇ ရက် အဖြစ် သတ်မှတ်ထားသည်။
    အကွာအဝေး ၃၈၅ ဒသမ ၅ မိုင်ရှည်လျားသော ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို ရန်ကုန်-တောင်ငူလမ်းပိုင်း(Phase-I)နှင့် တောင်ငူမှ မန္တလေးလမ်းပိုင်း(Phase-2)ဟူ၍ အပိုင်းနှစ် ပိုင်းခွဲခြားပြီး လုပ်ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်-တောင်ငူ လမ်းပိုင်း (Phase-I)ကို ရန်ကုန်-ပဲခူးလမ်းပိုင်း (CP 101)၊ ပဲခူး-ညောင်လေးပင် လမ်းပိုင်း(CP 102)၊ ညောင် လေးပင်-တောင်ငူလမ်း(CP 103)ဟူ၍ အပိုင်းသုံးပိုင်းခွဲကာ ရထားလမ်းပိုင်း အဆင့်မြှင့်တင်နေခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။ 
    ပြီးခဲ့သည့် မေလ ၁၆ ရက်တွင် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့် မြှင့်တင်ခြင်း စီမံကိန်းအပိုင်း (၁) ဖြစ်သည့် ရန်ကုန် - တောင်ငူရထားလမ်းပိုင်း အဆင့် မြှင့်တင်ပြုပြင်နေမှု အခြေအနေများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ်  ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့် တင်ခြင်းလုပ်ငန်းမှ စီမံကိန်းအင် ဂျင်နီယာများအား အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို သတ် မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးရေး၊ ရထားလမ်းပိုင်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရေး၊ အချက်ပြဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း ရထားလမ်းနှင့်အတူ တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွား ရေးတို့ကို ဒုတိယ ဝန်ကြီးဦးအောင်မြိုင်က ဆွေးနွေးမှာကြားခဲ့သည်။

Total Views ~ 337

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43907

© 2022 - 2025 News. All Rights Reserved.