၂၀၂၃ နိုဝင်ဘာ ၂၀
နိုင်ဝင်ဘာ ၂၄ ရက်တွင် စတင် ကျင်းပမည့် ပြင်ဦးလွင်မြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် နိုင်ငံကျော်အနုပညာရှင် များစွာ သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီးဝင်းအတွင်း နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်ထိ ငါးရက်ကြာ ကျင်းပမည့်မီးပုံးပျံပွဲ တော်အတွင်း သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။
နိုင်ငံကျော် အနုပညာရှင်များဖြစ် သည့် မျိုးကျော့မြိုင်၊ ထူးအယ်လင်း၊ မိုးမိုး၊ ပူစူး၊ မီ၊ နေရဲ၊ ပွင့်နဒီမောင်၊ မုဏ်း၊ ခြူးစစ် ဟန်၊ ခင်လှိုင်နှင့် ဟာသသရုပ်ဆောင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
မီးပုံးပျံပွဲတော်ကို ဝင်ကြေး (အခမဲ့)ဖြင့် နံနက် ၉ နာရီ မှ ည ၁၁ နာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ပြီး ညမီးကျည် ၁၇ လုံး၊ စိန်နားပန် မီးပုံးပျံ ကြီး ၁၂ လုံး၊ နေ့ရုပ်အလှ ၃၅ လုံး လွှတ်တင်သွား မည်ဖြစ်သည်။
ထို့အပြင် အခြားဖျော်ဖြေရေးအ ဖြစ် ရှမ်းရိုးရာအကအလှများနှင့် တေးဂီတ ဖျော်ဖြေရေးများ၊ လွင်မြန်မာ မင်္ဂလာဆင်၏အကအလှများ ၊ မြန်မာသံစဉ် တေးဂီတဖျော် ဖြေရေးအစီအစဉ်များ၊ DJ
အစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များကျင်းပမည်ဖြစ်ပြီး ကလေးကစားကွင်းများ၊ ကုန်စည်ပြပွဲများ၊ ဈေးရောင်းပွဲတော်နှင့် အရောင်းပြခန်းများ စသည့် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များကို လည်း ကျင်းပသွားမည်ဖြစ်သည်။
ထို့ကြောင့်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည့်လုံခြုံရေးဆိုင်ရာ အစီအမံများအား သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ပွဲတော်ကျင်းပရေး ကော်မတီမှ ပြောသည်။
ယခုနှစ်မီးပုံးပျံပွဲတော်သည် မဟာအံ့ထူးကံသာဘုရားဝင်းအတွင်း (၁၇)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကာလ အတွင်း နေ့စဉ်လူဦးရေ တစ်သိန်းဝန်းကျင် လာရောက် လည်ပတ်လေ့ရှိသည့် စည်ကား သော ပွဲတော်တစ်ခုဖြစ်သည်။