Breaking

ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ မှစ၍ ရက် ၃၀ ကြာကျင်းပမည် 

၂၀၂၃ ဒီဇင်ဘာ ၅
    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော Flower Wonder-land  ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။
    လာရောက်လေ့လာလည်ပတ်သူ များဖြင့် အလွန်စည်ကားသော ယင်းပန်းပွဲတော်ကို ယခုနှစ်တွင် (၁၆)ကြိမ်မြောက်ကျင်း ပခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်ဇန်နဝါရီ ၁၄ ရက် ထိ ရက် ၃၀ ကြာ ကျင်းပသွားမည်ဖြစ်သည်။
    ပန်းပွဲတော်အတွင်း ပုံဖော်ထားသည့် Land-scape များတွင် ဒေသပန်းမျိုးစိတ်များ၊ ပြည်ပပန်းမျိုးစိတ်များ၊ ရာသီပေါ် ပန်းမျိုးစိတ်များကို ပေါင်းစပ်၍ ဇုန်အလိုက် ခင်းကျင်းပြသမည်ဖြစ်ကာ ပြကွက်ဇုန်ရှစ်ဇုန်ပြသမည် ဖြစ်ပြီး ပန်းအရေအတွက် နှစ်သိန်းထိ အလှဆင် စိုက်ပျိုးပြသသွားမည်ဖြစ်ကြောင်း သိရသည်။
    ထို့ကြောင့် ပွဲတော်အောင်မြင်စွာကျင်းပရေး ဒီဇင်ဘာ ၁ ရက်တွင်  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ ပွဲတော်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
    အဆိုပါ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်ကို ၂၀၁၆ ခုနှစ်မှ စ၍စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး  ကို ဗစ်ကပ်ရောဂါကာလအတွင်း သုံးနှစ်ခန်းရပ် နားခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ ပြန် လည်ကျင်းပခဲ့သည်။
    ပွဲတော်အတွင်း ပန်းများကို အလှ ဆင်စိုက်ပျိုးပြသခြင်းအပြင် ပျော်ပွဲရွှင်ပွဲများ၊ ပန်းဥယျာဉ်ဈေးပွဲတော်များ၊ ပြင်ဦးလွင် ဒေသထွက်ကုန်ပြခန်းများ၊ ဆိုင်ခန်းများကိုနှစ်စဉ်စည်ကားစွာ ထည့်သွင်းကျင်းပလေ့ရှိပြီး ဒီဇင်ဘာ ခရီးသွားအားလပ်ရက် ကာလဖြစ်သောကြောင့် လူဦးရေသိန်းချီ လာရောက်လေ့လာ လည်ပတ်ကြ သည့်ပွဲတော်ဖြစ်သည်။

Total Views ~ 204

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43927

© 2022 - 2025 News. All Rights Reserved.