ပြင်ဦးလွင်ရှိ နိုင်ငံတော်ပိုင်မြေတွင် B.O.T ပုံစံဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံ တည်ထောင်ဖွင့်လှစ်ရန် EOI ဖိတ်ခေါ်မှု သက်တမ်းထပ်မံတိုးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၉
    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်း ဆောင်ရွက်-လွှဲပြောင်း၊ Build-Operate-Transfer (B.O.T) ပုံစံဖြင့် ပုဂ္ဂလိက အထူးကုဆေးရုံလုပ်ငန်းတည် ထောင် ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ (Expre-ssion of Interest-EOI) တင်ပြရန် သက်တမ်းတိုးမြှင့်လိုက်ကြောင်း သိရသည်။
    ပြင်ဦးလွင်မြို့နယ်အတွင်းရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း B.O.T ပုံစံဖြင့် ပုဂ္ဂလိက အထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်လိုသည့် နိုင်ငံသားရင်း နှီးမြှုပ်နှံသူများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) အား ကုသရေးဦးစီးဌာန၊ ကျန်းမာရေး ဝန်ကြီး ဌာနသို့ Hard copy / Soft copy (Word file) များဖြင့် ၂-၉-၂၀၂၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ အဆိုပြုလျှောက်ထားနိုင်ကြောင်း ပြင်ဦးလွင်မြို့တွင်ပုဂ္ဂလိကဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အ ကောင်အထည်ဖော်ရေးကော်မတီမှ ကြော်ငြာခဲ့သည်။
    သို့ရာတွင် ပုဂ္ဂလိကအထူးကု ဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်လိုသည့် နိုင်ငံသားရင်းနှီး မြှုပ်နှံသူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆောင်ရွက်နိုင်စေရန်အတွက် (EOI) ဖိတ်ခေါ်ခြင်းအား ၂၀၂၄ အောက်တိုဘာ ၂ ရက် ညနေ ၄နာရီ နောက်ဆုံးထား၍ အဆိုပြုလျှောက်ထားနိုင်ကြောင်း ယင်းကော်မတီမှ ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
    ပြင်ဦးလွင်မြို့နယ်အတွင်းရှိ နိုင်ငံတော်ပိုင်မြေတွင် နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကအထူးကု ဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်၍ မျက်စိရောဂါကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ဆီးနှင့် ကျောက်ကပ်ရောဂါကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကု သမှုအတွက် အထွေထွေ ရောဂါအထူး ကုသမှုစသည်တို့အား ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ ကာ ပြည်သူလူထုအတွက် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများအား ဖြည့်ဆောင်ရွက်သွားရန် ယင်းကော်မတီမှ ပုဂ္ဂလိက အထူးကုဆေးရုံလုပ်ငန်း တည် ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ နဒီ

Total Views ~ 162

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43807

© 2022 - 2025 News. All Rights Reserved.