Breaking

ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ ရှစ်ဦးကို မိဘအုပ်ထိန်းသူများ ထံ လွှဲပြောင်းအပ်နှံ

၂၀၂၄ ၊ ဇန်နဝါရီ ၁၀
    ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ ရှစ်ဦးကို မိဘအုပ်ထိန်း သူများထံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ဇန်နဝါရီ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။
    ယခုအခါ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ စုစုပေါင်း ၉၆ ဦးကို မိဘအုပ်ထိန်းသူ များထံ လွှဲပြောင်းအပ်နှံနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။
    "ယနေ့ တိုင်းဒေသကြီးမှာ ပြစ်မှု ကျူးလွန်မှုမရှိတဲ့ PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ အမျိုးသားခြောက်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းရှစ်ဦးကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံသွား မှာဖြစ်လို့ ယခုဆိုရင် အလင်းဝင်ရောက်လာသူ စုစုပေါင်း ၉၆ ဦးကို လွှဲပြောင်းအပ်နှံနိုင်ခဲ့ပြီး ဖြစ်ပါတယ်။  အလင်းဝင်ရောက်လာသူများကို လှိုက်လှဲစွာကြိုဆိုပါတယ်။ အလင်းဝင် ရောက်လာသူများနဲ့ မိဘများ အနေဖြင့် ယခုလို ကြိုဆိုလက်ခံမှု အခြေအနေတွေကို နီးစပ်ရာ သက်ဆိုင်သူများကိုပါပြောပြပြီး ထပ်မံစည်းရုံးပေးကြဖို့ လိုပါတယ်။ အလင်းဝင် ရောက်လာသူများအနေနဲ့ ပြန်လည်ဝင် ရောက်လာပြီး နောက်ပိုင်းကာလမှာ ကောင်း မွန်စွာနေထိုင်ပြီး နိုင်ငံ့အကျိုးပြုသူများဖြစ် လာစေဖို့ ကြိုးစားနေထိုင်ကြဖို့ ပြောကြားလိုပါတယ်"ဟုပြောသည်။
    အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာ နချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူ ရှစ်ဦး ကို မိသားစု ဝင်များထံ လွှဲပြောင်းအပ်နှံပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

Total Views ~ 186

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43947

© 2022 - 2025 News. All Rights Reserved.