၂၀၂၃ ၊ မတ်လ ၁၂
ယမန်နေ့ (မတ်လ ၁၁)နံနက် ၉နာရီ မိနစ်၂၀ အချိန်က မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် ၄၉ x ၅၀ လမ်းကြားနေ သိန်းသန်းစိုး(၂၃)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ပုံပုံ(၂၃)နှစ်တို ၂ ဦးသည် နေအိမ်မှ ကညနရုံးသို 21W/ 85647 Honda Click ဆိုင်ကယ်ဖြင့် ၁၁၆(အေ)လမ်းအတိုင်း မောင်းနှင်လာစဉ် မမစ(ပြည်ကြီးတံခွန်)၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ သင်ပန်းကုန်းရပ်ကွက် ၅၆(ဘီ) x ၅၆(စီ) လမ်းကြားအရောက်၌ လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ပြီး 21W/ 85647 Honda Click ဆိုင်ကယ်အား ယူဆောင်ထွက်ပြေးသွားသဖြင့် သိန်းသန်းစိုး တွင် ယာနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း၊ ပုံပုံ တွင် ယာမျက်လုံးအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းအရ ပူးပေါင်းအဖွဲက အခင်းဖြစ်နေရာသို ရောက်ရှိစစ်ဆေးခဲ့ပြီးနောက် အလောင်းများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ထားရှိခဲ့ပြီး တရားခံ(စိစစ်ဆဲ)အား မမစ(ပြည်ကြီးတံခွန်)(ပ)၇၂/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် သက်ဆိုင်ရာမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။