ရန်ကုန် ၊ ဧပြီ ၂၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ(USDP) ကိုနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် ( ၆/ ၂၀၂၃ )ဖြင့် ယနေ့ (ဧပြီ ၂၀) ထုတ်ပြန်ကြေညာလိုက်သည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်၊ ရာဇသင်္ဂဟလမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့်၊အကွက်အမှတ် (၅) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ၉ နှင့်အညီ မှတ်ပုံ တင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်ဟူ၍ UEC က အသိပေးထုတ်ပြန်ခဲ့ပြီး ယင်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၁) ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။