Breaking

ပြည်တွင်း အမျိုးသား၊ အမျိုးသမီး ဖူဆယ်လိဂ်ပြိုင်ပွဲများ ဒီဇင်ဘာလအတွက် တစ်ပြိုင်နက် ကျင်းပသွားမည်

၂၀၂၃ ဒီဇင်ဘာ ၅
    ၂၀၂၃ ခုနှစ်အတွက် ကျင်းပရန် ကျန်ရှိနေသော ပြည်တွင်းအမျိုးသား၊ အမျိုး သမီး ဖူဆယ်လိဂ်ပြိုင်ပွဲ များကို ဒီဇင်ဘာလအတွင်း တစ်ပြိုင်နက် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ သိရ သည်။
    ယခုနှစ် MFF AYA Pay Futsal League (I) 2023 ပြိုင်ပွဲများကို ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီတွင် MFF Futsal Stadi-um တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး MFF AYA Pay Futsal League (I) 2023 ပြိုင်ပွဲတွင် VUC FC, MIU FC, Dream Team FC, Generations FC, Winner Soccer FC, Futsal Chit Thu FC, M2K FC, Futsal 19 FC, Linn Latt FC, Let Wel Thone Nara FC အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 
    MFF AYA Pay Futsal League (I) 2023  ပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များကို ဒီဇင်ဘာ ၆ ရက်မှ ဇန်နဝါရီ ၁၁ ရက် အထိ လည်း‌ကောင်း၊ ဒုတိယအကျော့ ပွဲစဉ်များကို ဇန်နဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၂၉ရက်အထိ ကျင်းပ သွားမည်ဖြစ်ကာ MFF Futsal Page  တွင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။ ပြိုင်ပွဲ၏တစ်ရက် စာ ကွင်းဝင်ကြေးကို ကျပ် ၂၀၀၀ သတ်မှတ် ထားသည်။
    ထို့အပြင် MFF AYA Pay Wo-men's Futsal Championship 2023 ပြိုင်ပွဲကို Divine FC, Yangon Youth FC, Shwe Pyi Thar FC, YRG FC, Burmese Bee FC တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။ MFF Rhino Futsal League II 2023 ပြိုင်ပွဲကို Dream Team Legends FC, Shwe Pyi Thar FC, M-Million FC, Yoma FC, Black Cross FC, YRG FC, Sun Far FC, SGF FC, KKY FC, Seven FC, Noka United FC, Maryar FC တို့ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး MFF Rhino Futsal League II 2023 ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက်တွင်  စတင်ကျင်းပသွားမည် ဖြစ်သည်။

Total Views ~ 274

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43927

© 2022 - 2025 News. All Rights Reserved.