Breaking

ပြည်တွင်းစက္ကူ လိုအပ်ချက်များစွာ ရှိနေ၍ စွန့်ပစ်စက္ကူများကို Recycle နည်းဖြင့် ပြန်လည်ထုတ်လုပ်နေ 

၂၀၂၃ ၊ နိုဝင်ဘာ ၂၇
    ပြည်တွင်းစက္ကူလိုအပ်ချက်များ စွာရှိနေ၍ စွန့်ပစ်စက္ကူများကို Recycle နည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့သည် နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ United Paper စက္ကူစက်ရုံသို့ သွားရောက် ၍ စက်ရုံအတွင်း Recycle စက္ကူဖြတ်စများကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ပြည်တွင်းသုံး စက္ကူ ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုအားပေးခဲ့သည်။
    ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြည်တွင်း၌ စက္ကူလို အပ်ချက်များစွာရှိပြီး စက္ကူထုတ်လုပ်ရန်လိုအပ်သော ကုန်ကြမ်းကို သစ်၊ ဝါး၊ ကောက်ရိုး၊ ငှက်ပျော များကို အသုံးပြုခြင်း၊ စွန့်ပစ်စက္ကူများကို Recycle နည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သော ကြီးမြန်သစ်မျိုးနှင့် ဝါးမျိုးများစွာရှိပြီး သဘာဝတောများမှ နှစ်စဉ်ဝါးအလုံးရေ ၃၀၁ သန်း ထုတ်လုပ်ပေးနိုင်သည့်အတွက် ဝါးစက္ကူပျော့ဖတ် စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းကို ပံ့ပိုး ပေးနိုင်သကဲ့သို့ ရေရှည်ကုန်ကြမ်းရရှိစေရေးအတွက် ဝါးစိုက်ခင်းများနှင့် ကြီးမြန်သစ်မျိုး စိုက်ခင်းများ တည်ထောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကလည်း  ဝန်ကြီးဌာန အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့် လူ့စွမ်းအားအရင်း အမြစ်၊ ငွေကြေးအရင်းအနှီးနှင့် ဈေးကွက် ရရှိရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပေါင်းစပ်၍ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ MSME များအနေဖြင့် ပြည်တွင်းလို အပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် သွင်းကုန်အစားထိုး ပြည်တွင်းလိုအပ်ချက်လုံလောက်ပါက ပြည်ပသို့တင်ပို့ရန် ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက် ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။
    အဆိုပါ Nilar Pulp and Paper စက္ကူစက်ရုံသည် ကောက်ရိုး၊ ချဉ်ပေါင်လျှော်နှင့် သမန်းမြက်တို့ကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ စက္ကူထုတ်လုပ်ပြီး ဂျပန်နိုင်ငံသို့တင်ပို့ ရောင်းချနေကြောင်း သိရသည်။         

 

Total Views ~ 208

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43917

© 2022 - 2025 News. All Rights Reserved.