Breaking

ပြည်တွင်းစားသုံးဆီ ဖူလုံရန် စိုက်ဧရိယာမတိုးချဲ့ဘဲ အထွက်နှုန်းတိုးအောင် လုပ်ဆောင်သွားမည်

၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၄
    ပြည်တွင်းစားသုံးဆီ ဖူလုံရေးကြိုးပမ်းနေခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန်အတွက် လာမည့် ၂၀၂၅ -၂၆ ခုနှစ် ဘဏ္ဍာနှစ်တွင် စိုက်ဧရိယာ မတိုးချဲ့ဘဲ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်အောင် လုပ်ဆောင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားခဲ့သည်။
    မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၅ ရက်တွင်ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်စေရန်နှင့် လယ်ယာကဏ္ဍတွင် အဓိကကျသည့် သီးနှံစိုက်ပျိုးသည်မှ ကုန်ချောဖြစ်သည်အထိ သီးနှံကွင်းဆက်တစ်ခုလုံး ဆောင်ရွက်ရန် လိုအပ်ချက်များအတွက် ပြုလုပ်သည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
    ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူနှင့်ပွဲရုံ ချိတ်ဆက်ဆောင်ရွက်နေ မှုများကို လေ့လာပြီး လိုအပ်ချက်များကို ဝိုင်းဝန်းအဖြေရှာ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းနှင့် ၂၀၂၅-၂၆ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေး ကြိုးပမ်းနေခြင်းကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန် စိုက်ဧရိယာမတိုးချဲ့ဘဲ ဆီထွက်သီးနှံများ အထွက်နှုန်း တိုးတက်အောင် လုပ်ဆောင်ရန် ဒေသအလိုက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ ခြင်းဖြစ်သည်။
    "စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီတွေရယ် အသစ်တင်လာတဲ့ ကုမ္ပဏီ အဲဒီ ၆၀ ကျော် ကနေပြီးတော့ ယခင် စားအုန်းဆီ တင်သွင်းမှု တန်ချိန် ငါးသောင်းကနေပြီးတော့ တန်ချိန်ခုနှစ်သောင်းလောက်ထိ တင်သွင်းဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့ကြောင့်မို့ စားအုန်းဆီနဲ့ ပတ်သက်လို့ရှိရင် တန်ချိန် ခုနစ်သောင်းဆိုတာ ကျွန်တော်တို့ နိုင်ငံအတွက်က လောက်ပါတယ်။ စားသုံးသူ များအနေနဲ့ ပြည်တွင်းမှာ စားသုံးဆီပြတ် လပ်မှာကို စိုးရိမ်စိတ်နဲ့ အများကြီး ဝယ်ယူစုဆောင်းမှုတွေ မပြုလုပ်ကြဖို့ တိုက်တွန်းလို ပါတယ်။ ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းကို ကြည့်မယ်ဆိုရင် အားသာချက်တွေ တွေ့ရသလို အားနည်းချက်တွေ လည်း အများကြီး တွေ့ရပါတယ်။ ဒီ အားနည်းချက်တွေကို သင်ခန်းစာယူပြီးတော့ နောင်လာမယ့် နှစ်တွေမှာ  စားသုံးဆီဈေးနှုန်း တည်ငြိမ်အောင် ဆောင်ရွက်နိုင်ရင် ပြည်တွင်းမှာ စားသုံး ဆီဖူလုံအောင် စားသုံးသူများအနေနဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်အောင် အကောင်းဆုံး လုပ်ဆောင်ရ မယ်ဆိုတဲ့ ကိစ္စရပ်တွေမှာ အားနည်းချက်တွေအပေါ် သင်ခန်းစာယူပြီးတော့ ဆောင်ရွက်ရမယ့် အပိုင်း တွေလို့ ခံယူမိပါတယ်"ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများ အသင်းချုပ် ဥက္ကဋ္ဌ ဦဆန်းလင်းက ပြောကြားခဲ့သည်။
    လက်ရှိတွင် စားအုန်းဆီတင်သွင်း သည့် ကုမ္ပဏီပေါင်း ၆၀ ကျော်ရှိကာ ယင်းကုမ္ပဏီများမှ တန်ချိန်တိုးမြှင့်တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်  စားအုန်ဆီတင်သွင်း မှုအနေဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများမှ တင်သွင်းလျှက်ရှိကြောင်း သိရသည်။

Total Views ~ 216

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43980

© 2022 - 2025 News. All Rights Reserved.