Breaking

ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် သန်လျင်အမှတ်(၁)ရေနံချက်စက်ရုံကို အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌပြော

၂၀၂၃ ဒီဇင်ဘာ ၂၀
    ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည့် အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)ကို အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
    အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ဒီဇင်ဘာ ၁၇ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့စဉ် နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    ပြည်တွင်း စွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းပါက ကုန်ကျမည့် ကုန်ကျစရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည်လည်ပတ်ပြီး ပြည် တွင်းစွမ်းအင်လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း၊ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)ကို မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ် ထုတ်လုပ်နိုင်ရေးကို ကနဦးဆောင်ရွက်သွားရန်လိုပြီး နောက်ပိုင်း အဆင့်မြှင့်တင်နိုင်မည့်  အခြေအနေများကို ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို အထောက်အကူပြု ပေးနိုင်မည်ဖြစ်ပြီး အကျိုးရှိသည့်လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။
    ထို့နောက် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၊ စက်ရုံဝင်းအတွင်းရှိ ရေနံချက်စက်ရုံ(ခ)၊ ချောဆီစက်ရုံ၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေနံချက်စက်ရုံများအား အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်၍ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။

Total Views ~ 167

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43927

© 2022 - 2025 News. All Rights Reserved.