ပြည်တွင်းအခွန်များ ဦးစီးဌာနသည် နိုင်ငံတော်မှ ကောက်ခံရရှိသော အခွန်အကောက်စုစုပေါင်း၏ ၈၀ ရာခိုင် နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးလျက်ရှိကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီး ဌာနတွင် ဇန်နဝါရီ ၅ ရက်က ပြုလုပ်သော မြို့နယ်အခွန် ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း၊ အမှတ်စဉ် (၇၇) သင် တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှု မရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်သကဲ့သို့ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း အခွန်များဦးစီးဌာနကို ပွင့်လင်း မြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာနတစ်ခု ဖြစ်လာစေရန် ဦးတည်အကောင်အ ထည်ဖော် နေကြောင်း ယင်း အခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။