Breaking

ပြည်ထောင်စုနေ့ ညစာစားပွဲသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီဥက္ကဋ္ဌများတက်ရောက်

၂၀၂၄ ၊ ဖေဖော်ဝါရီ ၁၃ 
    (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့က နေပြည်တော်မြို့တော်ခန်းမ ဥပစာရင်ပြင်တွင် တည့်ခင်းဧည့်ခံရာ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့အစည်းခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းထုတ် ပြန်ချက်အရ သိရသည်။
    အဆိုပါညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူး ကြီးစိုးဝင်းနှင့်ဇနီး၊ နစကအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်အတူ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာယဉ် ကျေးမှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာနှင့် တိုင်းရင်းသား ရေးရာဝန်ကြီးများ၊  MSME. လုပ်ငန်းရှင်များတက်ရောက်ကြပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တစ်ဦးချင်း လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
    ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် နံနက်ပိုင်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို နေပြည်တော်၊ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။
    (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင်ဆောင် ရွက်ရေး၊ နိုင်ငံတော်၏ အမျိုးသားရေးရည် မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူ လုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော် ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ရေးဟူသည့် အမျိုးသား ရေးဦးတည်ချက် ငါးရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 170

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43980

© 2022 - 2025 News. All Rights Reserved.