၂၀၂၄ ၊ ဧပြီ ၃၀
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်သည် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအချို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိုယ်စားလှယ်များကို ရုရှားနိုင်ငံတွင် သီးခြားစီ တွေ့ဆုံခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးမိုးအောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၁၂)ကြိမ်မြောက် လုံခြုံရေး ကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး သို့တက်ရောက်ခဲ့သည့် ခရီးစဉ်တွင် အထက်ပါ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မိုးအောင်သည် ရုရှားနိုင်ငံအမျိုး သားလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Nikolay Patrushev နှင့် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုအစည်းအဝေး (Bilateral Meet-ing) ပြုလုပ်ခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ရုရှား နယ်ပယ်ပေါင်းစုံ ပူး ပေါင်းဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါး ရပ်ချမှတ်၍ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်၊ နိုင်ငံရေးနှင့် ဥပဒေရေး ရာကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့် H.E. Mr. Chen Wenging နှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval နှင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသားလုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Tarique Ahmed Sidd-que နှင့်လည်းကောင်း၊ လာအိုပြည်သူ့ဒီမိုက ရက်တစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး Mr. Somvanh Saylongpha နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဘင်းမ်စတက် ဒေသဆိုင်ရာ လုံခြုံရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက် အပြန်အလှန်မျှဝေရေး ကိစ္စရပ်များနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်ချမှတ်၍ ဆောင်ရွက်နေမှုအ ခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Expo-forum အတွင်း စစ်ဘက်နည်းပညာ ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် စစ်ဘက်နည်းပညာဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရ သည်။