၂၀၂၃ မတ် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတိုကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတိုနှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်မှ စတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား သံတမန် အဆက်အသွယ်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဂီနီဘစ်ဆော သံအမတ်ကြီး H.E. Mr. António Serifo Embaló တိုက ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်တွင် ပေကျင်းမြို၊ မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဂီနီဘစ်ဆောသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၆) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့် နိုင်ငံဖြစ်သည်။