Breaking

ပြည်နဝဒေးတံတားအသုံးပြုခ ကောက်ခံရေးလုပ်ငန်းကို ကြမ်းခင်းဈေး  ကျပ်သိန်းပေါင်း ၃၈၀၀ ကျော်ဖြင့် လေလံတင်မည်

၂၀၂၄၊ မတ် ၁၂
    နဝဒေးတံတား(ပြည်)တံတား အသုံးပြုခ ကောက်ခံရေးလုပ်ငန်းကို ကြမ်း ခင်းဈေး ကျပ်သိန်း ပေါင်း ၃၈၀၀ ကျော်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း လေ လံကြီးကြပ်ရေးအဖွဲ့ ပဲခူးမြို့မှ သိရသည်။ 
    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တံတားအသုံးပြုခကောက်ခံရေးဂိတ် တစ်ခု၏ ၂၀၂၄-၂၅ ဘဏ္ဍာ ရေးနှစ်အတွက် တံတားအသုံးပြုခကောက်ခံခြင်း လုပ်ငန်းလုပ်ပိုင် ခွင့်ကို တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ မတ်လ ၂၆ ရက် အင်္ဂါနေ့တွင် ပဲခူး မြို့ဟံသာဝတီရပ်ကွက် ရှင်စောပုခန်းမ၌ လေ လံတင် ရောင်းချမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
    အဆိုပါ ကြေညာချက်တွင် တံတားဂိတ် နဝဒေးတံတား(ပြည်)ဖြစ်ပြီး ကြမ်းခင်းဈေးအဖြစ် (ကျပ်သိန်း) ကျပ် ၃၈၆၃ ဒသမ ၆၃ သိန်း သတ်မှတ်ထား ကြောင်း ဖော်ပြထားပြီး တံတားဂိတ်၏ လေ လံတင်သွင်းခွင့် လျှောက်လွှာကို လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ ပဲခူးမြို့တွင် မတ်လ ၁၁ ရက်မှစ၍ ထုတ်ယူနိုင်ကြောင်းနှင့် လေလံတင်သွင်းလွှာများကို မတ်လ ၂၂ ရက်တွင် နောက်ဆုံးထား မှတ်ပုံတင်နိုင် ကြောင်း အသိပေးထားသည်။ 
    စိတ်ပါဝင်စားကြေးနှင့် အာမခံကြေးများကိုလည်း မတ်လ ၂၂ ရက် နောက် ဆုံးထားပေးသွင်း ရမည်ဖြစ်ပြီး စိတ်ပါဝင်စား ကြေး၊ အာမခံကြေးနှင့် လေလံတင်သွင်းရန် အသေးစိတ် စည်းကမ်းချက်များကို လမ်းဦးစီးဌာန၊ ပဲခူးမြို့သို့  ဆက်သွယ်မေးမြန်းနိုင် ကြောင်း အသိပေးထားသည်။

Total Views ~ 215

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43960

© 2022 - 2025 News. All Rights Reserved.