Breaking

ပြည်ပတွင် ကျောင်းတက်မည့် လူငယ်များ ပိုမိုအဆင်ပြေစေရန် Edulink Myanmar Study Ab-road VIP Centre @ RVi Campus 2 ထပ်မံဖွင့်လှစ်

၂၀၂၃ နိုဝင်ဘာ ၁၃
    Edulink Myanmar Study Ab-road VIP Centre @ RVi Campus 2 ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၇ ရက်က ရန် ကုန်မြို့ ကမာရွတ်မြို့နယ်၊ ချင်းတွင်းလမ်းရှိ အဆိုပါ အဆောက်အအုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
    Edulink Myanmar သည် ၂၀၁၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် နိုင်ငံခြားပညာရေးဝန် ဆောင်မှုနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်လှစ် သင်ကြားနေသော ပညာရေးစင်တာတစ်ခုဖြစ်ပြီး Edulink Myanmar Study Abroad VIP Centre onf RVi INSTITUTE နှင့် ပူးပေါင်းကာ RVi Camp 2 ကို ဖွင့်လှစ်ခြင်းဖြစ်သည်။ 
    Edulink Myanmar အနေဖြင့် RVi INSTITUTE နှင့် ပူးပေါင်းရသည့် ရည်ရွယ်ချက်ကို Edulink Myanmar ၏ Exe-cutive Director Nang Tom Khamက "ရည်ရွယ်ချက်ကတော့ RVi INSTITUTE က ကျောင်းသားကျောင်းသူတွေ စင်ကာပူ ပညာရေးသာမကဘဲ တခြားနိုင်ငံတွေက ထိပ်တန်းပညာရေး လမ်းကြောင်းတွေကို ရွေးချယ်တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်။ Edulink ကျောင်းသားတွေအတွက် RVi INSTITUTE (Centre for Professional Development) က Internships Programme တွေသာမကအခြား Management Skills သင်တန်းတွေပို့ ချနိုင်ဖို့၊ Edulink ရဲ့ သင်တန်းတွေဖြစ်တဲ့ University Pathfin-der Program ကနေဒါ ၁၂ တန်း OSSD နဲ့ အခြား သင်တန်းတွေလည်း RVi INSTI-TUTE မှာ အကောင်းဆုံးအဆင့်မြင့် Facili-ties နဲ့ မိဘနဲ့ ကျောင်းသားတွေ အတွက် တစ်နေရာတည်းမှာပဲ ပြီးပြည့်စုံတဲ့ ပညာရေးဝန်ဆောင်မှုတွေရရှိနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ် ထားပါတယ်"ဟု ပြောကြားခဲ့သည်။ 
    Edulink Myanmar တွင် တက်ရောက်နိုင်သော သင်တန်းများနှင့် နိုင်ငံခြားပညာရေးဝန်ဆောင်မှု လုပ်ငန်းများမှာ အင်္ဂလိပ်ဆရာများ သင်ကြားသော အင်္ဂလိပ်စာသင်တန်း၊ Company ဝန်ထမ်းများအတွက် သင်ကြားသော အင်္ဂလိပ်စာသင်တန်း၊ ကနေဒါနိုင်ငံမှ William Academy ကျောင်းနှင့်ပူးပေါင်း၍ ကနေဒါ ၁၂ တန်း OSSD? GED သင်တန်း၊ London Univer-sities at Bangkok Centre နှင့်ပူးပေါင်း၍ UK Business Foundation? London Universities at Bangkok Centre နှင့် ပူးပေါင်း၍ UK Bachelor of Business Administration ? University Pathfinder Program (UPP) နိုင်ငံခြားကျောင်းဝင်ခွင့် ပြည့်မီရန်ပြင်ဆင်ပေးသော သင်တန်း၊ နိုင်ငံခြားပညာရေးဝန်ဆောင်မှု အင်္ဂလန်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန် အစရှိသဖြင့် တက်ရောက်နိုင်ကြောင်း သိရသည်။ 
    RVi INSTITUTE Centre of Higher Education တွင် တက်ရောက်နိုင်သော သင်တန်းများနှင့် ပညာရေး ဝန်ဆောင်မှုများမှာ College Preparatory Progra-mme (Polytechnic Admission Progra-mme)? BCA Preparatory Programme? SIM GEs Management foundation studies Prgramme (Singapore Insti-tute of Management ၏ စီးပွားရေးပညာရပ် အခြေခံသင်တန်း) SIM GEs Informa-tion Technology foundation Studies Prgramme (Singapore Instute of Management ၏ အိုင်တီနည်းပညာ ပညာရပ်အခြေခံသင်တန်း)၊ Singapore Uni-versities Adminssion and Visa Services တို့ ဖြစ်သည်။

Total Views ~ 167

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43874

© 2022 - 2025 News. All Rights Reserved.