ရန်ကုန်၊ အောက်တိုဘာ ၉
ပြည်ပသို့ သွားရောက်အလုပ်လုပ် ကိုင်လိုသူများအနေဖြင့် ပြည်စုံသောအထောက်အထားများ ရယူ၍ တရားဝင်သွားရောက်ကြရန် အသိပေးကြေညာချက်ထုတ် ပြန်ထားသည်။
ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်(OWIC) လျှောက်ထားရယူ ခြင်းတို့အားရယူ၍ တရားဝင်သွားရောက်ကြပါရန် ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ပတွင် သွားရောက်အလုပ် လုပ်ကိုင်မည့်သူများအနေဖြင့် မလိုလားအပ်သော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ရာတွင် ထည့်သွင်းဖော်ပြထားသည်။
ပြည်ပတွင် သွားရောက်လုပ်ကိုင်မည့် သူများအနေဖြင့် ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) လျှောက်ထား ရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်(OWIC) လျှောက်ထားရယူခြင်းတို့မရှိဘဲ ပြည်ပအလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit-PV)ကိုသာ လျှောက်ထားရယူထားပြီး ပြည်ပအလုပ်အကိုင် ဗီဇာများရယူကာ လေကြောင်းခရီးဖြင့် ပြည်ပထွက်ခွာရန် ဆောင်ရွက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာက လေဆိပ်တွင် စိစစ်သည့်အခါ သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်အတွက် ပြည်ပသို့ထွက်ခွာခွင့် မရခြင်းများကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားသော ကုန်ကျစရိတ်များဆုံးရှုံးရသည့် ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထူးမြတ်