ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်သွားမည်ဟု တစည ပါတီ ထုတ်ပြန်

၂၀၂၃ စက်တင်ဘာ ၂၅
    တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီသည် ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အကြမ်းဖက်မှုကို မဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ "နိုင်ငံတော်နှင့် ပြည်သူအကျိုးအစဉ်ဦးတည် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပါတီ"ဟူသည့် ခံယူချက်နှင့်အတူ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ချောမွေ့ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဘ၀ တည် ငြိမ်အေးချမ်းရေး နိုင်ငံတော်နှင့် ပြည်သူ့တို့ ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံးနှင့်အတူ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ (၃၅)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွင် ထုတ်ပြန်သော ပါတီ၏သဘောထား ကြေညာချက်တွင် ဖော်ပြပါရှိသည်။
    ပြည်သူများ၏ ဘဝနှင့်ဆန္ဒကို ငဲ့ညှာသောအားဖြင့် သက်ဆိုင်သူအားလုံးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆင့်ပြီး တစ်ဆင့် အောင်မြင်စေရေး ကြိုးပမ်းကြရန် နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီသည် ပြည်သူများ မငြိမ်းချမ်းသည့် ပတ်ဝန်းကျင်အခြေအနေ၌ ဒုက္ခဆင်းရဲခံစားနေရသည့် အခြေအနေကို များစွာစာ နာမိကြောင်း ထည့်သွင်းဖော်ပြထားသည်။
    ထို့အပြင် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးရရှိစေရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ နှစ်ပေါင်း (၇၀) ကျော် မငြိမ်းချမ်းသည့် ဘဝဖြင့် ပြည်သူများ ဒုက္ခကြီးစွာ ရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း၊ တိုင်း ရင်းသားစည်းလုံး ညီညွတ်ရေးပါတီ သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမျိုး သားရေးလုပ်ငန်းဟု ခံယူကာ အစဉ်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းပါတီ ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
    တိုင်းရင်းသား စည်းလုံးညီညွတ်  ရေးပါတီသည် နိုင်ငံတော်၏ ပင်မအခြေခံ အုတ်မြစ်ဖြစ် သော "တိုင်းရင်းသားစည်းလုံး ညီညွတ်မှု" ပိုမိုခိုင်မာစေရန် ပါတီက ချမှတ်ထားသော သဘောထားများနှင့်အညီ အစဉ် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူတို့၏ ဘဝနှင့် ဆန္ဒဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ဖြစ်ထွန်းရေးကို ရှေးရှုသည့် အမျိုးသားအင်အားစုကြီး တစ်ရပ်ဖြစ်သော နိုင်ငံရေးပါတီအနေဖြင့် အခိုင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

Total Views ~ 190

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43809

© 2022 - 2025 News. All Rights Reserved.