Breaking

ပြည်သူလူထုကို မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲ ပေးခြင်းများ ဆောင်ရွက်သွားမည်ဟု UEC ဥက္ကဋ္ဌပြော

၂၀၂၃ အောက်တိုဘာ ၁၇ က
    တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူလူထုကို မြန်မာအီလက်ထ ရောနစ် မဲပေးစက်နှင့် ပတ်သက်၍ ရှင်းလင်းပြသခြင်း၊ စမ်းသပ်မဲပေးစေခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကပြောသည်။
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၃၇ ပါတီနှင့် တွေ့ဆုံသည့် အခမ်း အနားကို အောက်တိုဘာ ၁၆ ရက်က  ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်းထည့် သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
    ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အနေဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ရန်ကုန်မြို့တွင် နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ ပြည်သူများကို ရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်းနှင့် တစ်ချိန်တည်းမှာပင် ရွေးကောက်ပွဲအကြိုကာလ  လုပ်ငန်းစဉ်များကို တာဝန်ရှိသူအ ဆင့်ဆင့်က ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးကပြော ကြားခဲ့သည်။
    ထို့အပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီး ဖြစ်သော နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်များကို စည်းရုံးရန်နှင့် စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ထားရန် ညွှန်ကြားခဲ့ကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက် ညီမှုရှိ၊မရှိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဌာန၊ သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့မှ စစ်ဆေးလျက်ရှိကြောင်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ထည့်သွင်းပြော ကြားခဲ့သည်။
    အဆိုပါအခမ်းအနားသို့ UEC ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူ များ၊ နိုင်ငံရေးပါတီ ၃၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြောင်း သိရသည်။

 

Total Views ~ 164

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43849

© 2022 - 2025 News. All Rights Reserved.