ပြည်သူ့စစ်မှုထမ်းခြင်းအပေါ် ပုံဖျက်သတင်းမှားများ ထုတ်လွှင့်သော်လည်း အမှတ်စဉ်(၅)ထိ ဖွင့်လှစ်

ရန်ကုန်၊ စက်တင်ဘာ  ၁၁
    ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်၍ ပြည်ပသတင်းဌာနအချို့က ပုံဖျက်ဖော်ပြကြသော်လည်း စက်တင်ဘာလ ၉ ရက်အထိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅)အထိ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရသည်။
    စက်တင်ဘာလ ၉ရက်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်း ကိုက်ညီသူများကို ပြည်သူ့စစ်မှုထမ်းသင်တန်း  မှတ်စဉ် (၅) သင်တန်းဖွင့်ပွဲများကို ပြုလုပ်ရာ သင်တန်း ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
    သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ် မှုထမ်းသင်တန်း အမှတ်စဉ်(၅)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကြပြီး သင်တန်းသားများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ် ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်  ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
    ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အ မှတ်စဉ်(၅)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံသားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်း သိရသည်။
    ပြည်သူ့စစ်မှုထမ်းသင်တန်းများ စတင်ဖွင့်လှစ်ချိန်များတွင် ပြည်ပသတင်းဌာနများမှ သတင်း များကိုပုံဖျက်ဖော်ပြလေ့ရှိပြီး စက်တင်ဘာ ၉ ရက်တွင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့၌ စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခံရသော လူငယ်များကို ခိုလမ်နှင့် နမ့်စန်မြို့များသို့ ပို့ဆောင်လျက်ရှိ ကြောင်း သတင်းတု၊ သတင်းအမှားအား  လုပ်ကြံရေးသားဖြန့်ခဲ့သည်။
    အဆိုပါသတင်းနှင့်ပတ်သက်၍ အဆိုပါမြို့များမှ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ စစ်မှုထမ်းဆောင်ရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ဆောင်နေ သည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ် ဖွဲ့ဝင်များအနေဖြင့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံ ခြုံရေးဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့်လှည့်ကင်း၊ ပတ်ကင်းများကို တာဝန်သိပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ပြည် သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းထာပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှလုပ် ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့်  သတင်းအမှားများဖြင့် လုပ်ကြံရေးသား ဝါဒဖြန့် ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။         ထူးမြတ်

Total Views ~ 245

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43803

© 2022 - 2025 News. All Rights Reserved.