Breaking

ပြည်သူ့ဆေးရုံကြီးများ၏ အထူးကု ပြင်ပလူနာကြည့်ချိန်များ အလွယ်တကူသိရှိနိုင်ရေး QR Code များ ထုတ်ပြန်

၂၀၂၄ ၊ မတ် ၇
    ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနရှိ ပြည်သူ့ဆေးရုံကြီးများ၏ အထူးကုပြင်ပလူနာကြည့်ချိန်ဇယားများကို ပြည်သူလူထုအနေဖြင့် QR Code များ အသုံးပြု၍ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ရန် ဖေဖော်ဝါရီလ ၄ ရက်က ကျန်းမာရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ တွင် ထုတ်ပြန်ထားသည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရ ရှိခြင်းဖြင့် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ လုပ်ငန်းစဉ်တစ်ခုအဖြစ် အထူးကုဌာနများ ဖွင့်လှစ်ထားရှိသော ခုတင် ၁၀၀ နှင့် အထက် ပြည်သူ့ဆေးရုံများတွင် ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ကြည့်ရှုကုသပေး သည့် အထူးကုပြင်ပလူနာဌာန ကြည့်ရှုမှု အချိန်ကို ၂၀၂၃ ခုနှစ် သြဂုတ်လမှစတင်၍ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ယခင်က နံနက်ပိုင်းသာ ကြည့်ရှုကုသပေးနိုင်ရာ မှ နေ့လယ်ပိုင်းအချိန်များကိုပါ တိုးချဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
    ပြည်သူများအနေဖြင့် အထူးကု ဆရာဝန်ကြီးများနှင့် ပြသလိုပါက ဒေသန္တရ ဆေးခန်းများ၊ မြို့နယ် ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများမှ တစ်ဆင့် ရောဂါအမျိုးအစားအလိုက် အထူးကုပြင်ပ လူနာဌာနများသို့ ညွှန်းပို့သည့်စာ(Referral letter)နှင့်အတူ ပြသနိုင်ပြီး အထူးကုပြင်ပ လူနာဌာန အသီးသီးတွင် နေ့ရက်၊ အချိန်မှန်ကန်စွာ ပြသနိုင်ရေးအတွက် လာရောက်ပြသခြင်းမပြုမီ မိမိတို့ ပြသလိုသော ဆေးရုံကြီးများ၏ အထူးကုပြင်ပလူနာ အချိန်ဇယားကို ကြိုတင်သိရှိရန် လိုအပ်ပါကြောင်း နှင့် ပြည်သူ့ဆေးရုံကြီးများ၏ အထူးကုပြင်ပလူနာ အချိန်ဇယားကို သက်ဆိုင်ရာဆေးရုံကြီးများတွင် အများပြည်သူ အလွယ်တကူ သိရှိနိုင်အောင် Vinyl / Board များဖြင့် ကြေညာထားခြင်း၊ ကုသရေးဦး စီးဌာန Website စာမျက်နှာတွင် ဖော်ပြထားခြင်းတို့ကို ဆောင်ရွက်ထားကြောင်း သိရသည်။

Total Views ~ 204

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43963

© 2022 - 2025 News. All Rights Reserved.