ပြည်သူ့ပါတီ ဗဟိုဌာနချုပ်တွင် ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲကျင်းပ

၂ဝ၂၃၊ မတ်လ ၁၄

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိပြည်သူ့ပါတီ ဗဟိုဌာနချုပ်တွင် ရန်ကုန်တိုင်း ပြည်သူ့ပါတီမြို့နယ်အချို့မှ ပထမအကြိမ်အဖြစ် ပါတီဝင်အဆိုပြုလွှာများပေး အပ်ပွဲကို ယနေ့ (မတ်လ ၁၄) မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့်ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်များ၊ရန်ကုန်တိုင်းဒေသကြီးအလုပ်အမှု ဆောင်များနှင့်မြို့နယ်ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး သက်ဆိုင် ရာမြို့နယ်ခေါင်းဆောင်များကမိမိတို့မြို့မှ ပြည်သူ့ပါတီဝင် အဆိုပြုလွှာများကို မြို့နယ်အလိုက်ပေးအပ်ကြရာ ပြည်သူ့ပါတီ ဗဟိုခေါင်းဆောင်များက လက်ခံရယူခဲ့ကြကြောင်း ယင်းပါတီက သတင်းထုတ်ပြန်ထားသည်။

Total Views ~ 336

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43350

© 2022 - 2025 News. All Rights Reserved.