Breaking

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထိန်းသိမ်းထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ် ၅၇ စင်းကို လေလံတင် ရောင်းချသွားမည်

၂၀၂၄ ၊ မတ် ၂၀
    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူ့ဘဏ္ဍာ သိမ်းယူထိန်းသိမ်းထားသော (ငါးဖမ်း၊ ငါးသယ်ရေယာဉ်) ၅၇ စင်းအား မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးလုပ်ငန်းကော်မတီ(လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီ)မှ အသိပေးကြေညာထားသည်။
    လေလံတင်ရောင်းချမည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ်များမှာ ကော့သောင်းခရိုင်တွင် ခုနစ်စင်း၊ ဘုတ်ပြင်းခရိုင်တွင် ငါးစင်း၊ မြိတ်ခရိုင်တွင် ၁၅ စင်း၊ ထားဝယ်ခရိုင်တွင်ငါး စင်း၊ ဖျာပုံခရိုင် ၂၃ စင်းနှင့် ရန်ကုန်တိုင်းဒေသကြီး နှစ်စင်းတို့အား သက်ဆိုင်ရာ ငါးလုပ် ငန်းဦးစီးဌာနများသို့ သွားရောက် ဆက်သွယ်၍ ဆိုက်ကပ်ထားသော ရေယာဉ်များအား  မျက်မြင်ကြည့်ရှုနိုင်ကြောင်း သိရသည်။
    လက်ရှိတွင် ငါးဖမ်း၊ ငါးသယ်ရေယာဉ် ၅၇ စင်းကို ဈေးပြိုင်စနစ်ဖြင့်လေလံတင်ရောင်းချရန် လျှောက်လွှာနှင့်စည်းကမ်းချက် ပုံစံများကို နေပြည်တော်ရှိ ငါးလုပ်ငန်း ဦးစီးဌာန(ရုံးချုပ်)၌ မတ်လ ၈ ရက်မှ စတင်ကာ မတ်လ ၂၅ ရက်အထိ ရောင်းချပေးမည် ဖြစ်ကြောင်း သိရပြီး မတ်လ ၂၉ ရက်တွင် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၌ လေလံရောင်းချရမည်ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် လေလံဆွဲသူသည် ဝယ်ယူမည့်ရေယာဉ် တစ်စင်းချင်းအတွက် စပေါ်ငွေအား နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် Payment Order Cheque (P.O) ဝယ်ယူ၍ လေလံပွဲမတိုင်မီ ၂၆-၃-၂၀၂၄ ရက် နောက်ဆုံးထား၍ လေလံတင်ရောင်းချရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း တင်ဒါ လက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ (လေလံတင်ရောင်းချရေး လုပ်ငန်းကော်မတီ)မှ အသိပေး ကြေညာထားသည်။

Total Views ~ 221

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43961

© 2022 - 2025 News. All Rights Reserved.