ပြည်သူ့လုံခြုံရေးအတွက် ရပ်ကွက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ သြဂုတ် ၂၈
    လုံခြုံရေးနှင့်ပတ်သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက်ချင်းစီမှ လုံခြုံရေး အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေး People Security  Public Security နှင့်ပတ်သက်၍ လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    သြဂုတ် ၂၅ရက်က နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများအား မန္တလေးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးပြောကြားရာတွင် ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
    နစကဥက္ကဋ္ဌက ပြောကြားရာတွင် မိမိတို့နေထိုင်သည့်ဒေသ ရပ်ကွက်၊ ကျေးရွာများအလိုက်၊ လမ်းများအလိုက် လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက နယ်မြေဒေသ လုံခြုံရေးအတွက် များစွာ အကျိုးရှိ ထိရောက်စေမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ Check, Recheck, Counter Check များပြုလုပ်၍ အပြန်ပြန်အလှန်လှန် စစ်ဆေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုံခြုံရေးပိုင်းဆိုင်ရာများ နည်းလမ်းမျိုးစုံဖြင့် ထိခိုက်ခြင်းကြောင့် ဒေသအလိုက် ထိခိုက်မှုများကို ဖြစ် ပေါ်စေလျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုပြီး လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
    ထို့အပြင် လုံခြုံရေးထိခိုက်မှုဖြစ် စဉ်များသည် နိုင်ငံရေးကို အခြေခံ၍ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်ပြီး မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်ခြင်းကို နိုင်ငံရေး နည်းလမ်းအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန်လိုကြောင်း၊ အခြားနိုင်ငံများ တွင်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးဆောင်ရွက်နေကြကြောင်း၊ နိုင်ငံ ရေးအရ ဆောင်ရွက်ရာတွင် အာဃာတများထားခြင်း၊ လက်တုံ့ပြန်ခြင်းများမရှိဘဲ အေးအေးချမ်းချမ်းဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထူးမြတ်

Total Views ~ 170

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.